Ep-2

15.4K 1.5K 4
                                    

Zawgyi

ရီမောနေတဲ့ကောင်လေးက ရှောင်းကျန့်ကို
မြင်တော့ ချက်ချင်း မော့ကြည့်လာတယ်။

"ကျန့်ကျန့် သူငယ်ချင်းနဲ့ စကားပြောလိုက်အုံး....
ပါး မင်းမာမားကို သွားကူအုံးမယ်"

"ဟုတ်..ပါး"

.
.

ပါးထိုင်ခဲ့တဲ့ခုံကို ဝင်ထိုင်တော့
ကောင်လေးနဲ့မျက်နှာချင်းဆိုင်
ဖြစ်သွားတယ်။

"မင်း..ဒီဆိုင်ကို ဘယ်လိုလုပ်ရောက်လာတာလဲ"

"ကားနဲ့လာတာ"

"မင်းကဒီကို ကားနဲ့မလာလို့
လမ်းလျှောက်လာမှာလား"

"အစ်ကို...သဘောမကျဘူးလား.."

"ဟင်.."

".ကျွန်တော်လာတာ သဘောမကျဘူးလားလို့"

ကောင်လေးက မျက်လုံးလက်လက်လေးတွေနဲ့
သူ့ကို ကြည့်နေပြန်တယ်။သူ သဘောမကျဘူး
ပြောလိုက်ရင် မျက်ဝန်းညိုညိုလေးတွေက
ချက်ချင်းပြိုကျတော့မည့်မိုးလို......။

"မင်းကို ငါသွားတဲ့နေရာတိုင်း တွေ့နေရတာ...."

စကားမဆုံးခင် ကောင်လေးကိုကြည့်လိုက်တော့
သူ့စကားကို စောင့်နေဟန်က
မျက်ဝန်းတောက်တောက်လေးတွေနှင့်...

"နည်းနည်း...အင်းး...နည်းနည်း
စိတ်ရှုပ်ဖို့ကောင်းလို့"

လူဆိုးလေးက သူ့ရှေ့မှာ မခုတ်တတ်တဲ့
ကြောင်လေးလိုပါပဲ။

"ကျွန်တော့်ကို တကယ်ပဲသဘောမကျဘူးလား..
အစ်ကို..မကြိုက်တာရှိရင် ပြင်ပါ့မယ်"

"ငယ်သေးတယ်...မင်း အရမ်းငယ်သေးတယ်"

"ကျွန်တော် ပြန်တော့မယ်...."

ကောင်လေးကိုပြန်မနှုတ်ဆက်ဖြစ်.....။
သူသိသည်က ဆယ်ကျော်သက်
ကောင်လေးတွေက စိတ်ကစားတတ်တယ်။
အချိန်တန်လို့ အသစ်တွေ့ရင် ရှောင်းကျန့်ကို
မေ့သွားမှာပဲ။

မောင်းထွက်သွားသည့်
ကားနက်လေးကို အတန်ကြာ စိုက်ကြည့်နေပြီးမှ
.....မားကို ကူလုပ်ဖို့ပြင်ရတယ်။
မားရဲ့ပီဇာဆိုင်လေးက ညနေခင်းဆို
လူရှုပ်တယ်။ဒီလမ်းထဲက လူအများပါးစပ်ဖျားတွင်
တော့ နာမည်အရမ်းကြီးလေရဲ့။

𝐴𝑑𝑜𝑟𝑎𝑡𝑖𝑜𝑛 𝑌𝑜𝑢 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ] Where stories live. Discover now