Zawgyi
ရှောင်းကျန့်တစ်ယောက်
သူ့အင်္ကျီတွေစီပေးနေတဲ့ အရှေ့က
အဖြူလုံးကောင်လေးကို ထိုင်ကြည့်နေရင်း
အူတယားယား။ တစ်ယောက်အိပ်
ကုတင်လေးကတော့ ရိပေါ်ဝယ်လာတဲ့
မုန့်တွေပြည့်လို့..။သူ့အဝတ်အစားတွေကို
မခေါက်တတ်ခေါက်တတ်နဲ့ ခေါက်ပေးနေတဲ့
ကောင်လေးက သူ့ကို
တစ်စိမ့်စိမ့်ကြည်နူးမိစေပြန်ရော..။သူအခန်းထဲဝင်လာကတည်းက
အင်္ကျီတွေစီနေတဲ့ကောင်လေးက သူ့ကို
အခုထိ လှည့်ကြည့်မလာသေး..။
အနောက်ကနေ သွားဖက်တော့
တွန်းထုတ်ခံရတယ်။ အဆိုးလေးက
ဘာတွေကောက်နေပြန်လဲမသိ..။
သူ့ဘက်ကိုအတင်းဆွဲလှည့်ပြီး
မေးဖျားကနေ ဆွဲမော့လိုက်တော့
ပါးပြင်ဥဥပေါ်က မျက်ရည်စီးကြောင်းလေးက
သူ့ရင်ကိုအတိုင်းအဆမရှိ နာကျင်စေတာ။"ကျစ်..ငိုပြန်ပြီလား အဆိုးလေးရာ."
"ကိုယ့်ကိုပြော ရိပေါ်ဖြစ်ချင်တာကို..""အစ်ကိုကျိုးချန်က..အင့်..ပြောတာ အချစ်က
ကျောင်းမှာ..အင့်..အရမ်းနာမည်ကြီးတော့.အွင့်.."ဆက်ပြောမည့်နှုတ်ခမ်းလေးကိုထိကပ်ကာ
အနမ်းတို့နဲ့နှုတ်ပိတ်မိတော့ ခေါင်းလုံးလေးက
ရုန်းနေပြန်ရော..။ ချောင်းဟန့်သံကြားလို့
လှည့်ကြည့်မိတော့ အနှီလူသားဖန်ရှင်းက
စာအုပ်ဇောက်ထိုးကြီးကိုင်ပြီး မျက်နှာကြီးနီလို့..။ဖန်ရှင်းရှိတာကိုမေ့နေတဲ့ ရိပေါ်ကလည်း
သူ့အင်္ကျီစကိုဆွဲပြီး ပြူးကြောင်ကြောင်လေး
မော့ကြည့်လို့ နေတယ်။"ရိပေါ် ဗိုက်ဆာနေပြီမလား..သွားမယ်လာ..
မုန့်လိုက်ကျွေးမယ်.""ဟင်..အင်း..စားမယ်."
ရုတ်တရက်ကြီးမုန့်စားမယ့်အကြောင်းပြောပြီး
ထွက်သွားတဲ့ အတွဲကို ဖန်ရှင်း
အခန်းပေါက်ကနေ ချောင်းကြည့်နေမိသေး
တယ်။ရှောင်းကျန့် ဒီကောင်လူကြားထဲတော့
ဆွဲမနမ်းလောက်ပါဘူးနော်။~~~~~
မျက်နှာချင်းဆိုင်ထိုင်နေရင်း
ဖက်ထုပ်တွေစားနေတဲ့ ကောင်လေးက
အခုထိသူ့ကိုရဲရဲမကြည့်သေး..။
YOU ARE READING
𝐴𝑑𝑜𝑟𝑎𝑡𝑖𝑜𝑛 𝑌𝑜𝑢 [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑 ]
FanfictionNo matter how the days may pass, I will always love and adore you ♡ . #XiaoWang Start Date : [ Mar 28 , 2020 ] End Date : [ April 22, 2020 ]