Part-7

979 103 18
                                    

Unicode

" ဂျောင်ဆူး ဂျောင်ဆူး ထ ,ခနထ အုန်း "

" အင်းးး ဟမ်  မိုးတောင်အတော်ချုပ်နေပြီ ခုထိအိမ် ပြန် မရောက်သေးဘူးလား ကားကိုဘယ်လိုတွေမောင်းနေတာလည်း "

**အော် ဒင်းလေး ကပဲ ပြောရတယ်ရှိသေး ကိုယ့်ကြည့်တော့ ကစားကွင်းမှာတစ်နေကုန်တစ်နေခမ်း ဆော့ပြီး ကားပေါ်ရောက်ကတည်းက အိပ်နေတာ ကလားသေကုလားမောရယ် ငါ့မှာတော့ မောင်းလာရတာ တစ်လမ်းလုံးငိုက်ချိန်တောင် ...

" ဟေ့ လူကြီး ခင်ဗျား ကြီးဘာတွေ တွေးနေလို့ ကျွန်တော် ခေါ်တာမကြားရတာလည်း "

" ဟမ် ဘာမှမတွေးပါဘူး ဗျာ ကဲဆင်း ခနလမ်းလျှောက်ရအောင်  ကားပျက်သွားလို့  ဝပ်လျှော့ကို ဖုန်းဆက်ထားတာ နောက်နာရီဝက်လောက်နေမှ ရောက်မယ်ထင်တယ် တစ်ခုခုလည်းစားရတာပေါ့ လာ "

""" ချန်ယောလီ၏ နောက်ဆုံးစကားတစ်ခွန်းကြောင့် ဂျောင်ဆူး၏ မျက်လုံးလေးတစ်စုံမှာ ဘလင်းလင်း တောက်သွားလေသည် """

" စောစောကပြောရောပေါ့ လာ သွားကြမယ် ဒီနားတဝိုက်မှာ ဆိုင် တစ် ဆိုင်‌ေလာက်တော့ရှိမှာပေါ့ "
.
.
.
.
.
" Spicy Noodle တစ်ပွဲ ဂင်ချီဟင်းရည် အင်း တော့ပိုကီစပ်စပ်လေးတစ်ပွဲ သံပုရာရည်တစ်ခွက် ပြီးတော့ ဘာစားရင်ကောင်းမလည်း

*** ချန်ယောလီ တစ်ယောက် မိမိရှေ့မှ နှုတ်ခမ်းတ‌ေတာ်ထော်နှင့် သူစားချင်တာများအား မှာနေသည့် ပေါက်စ အားကြည့်ကာ စွဲစားချင်စိတ်ကို မနည်းထိန်းနေရသည် ***

" ရပြီ လိုမှထပ်မှာလိုက်မယ် "

"ဟိုဘက်က အကိုရော ဘာမှာမလည်းခဗျ "

" ဆိုဂျူ ...

" ဆိုဂျူတွေ ‌တွေသောက်မလို့လား "

စကားပင်မဆုံး လိုက် ကြားမှ ဖြတ်ပြောသော ဒီပေါက်စက ငါ့အတွက်စိုးရိမ်နေတာလား

"အင်း နည်းနည်းပါ ဘာလို့လည်း "

" ခင်ဗျား မသောက်ရဘူး "

"ဟမ် ဘာလို့လည်း ကိုယ့်ပါးစပ်နဲ့ကိုယ်သောက်တာ လေ "

" မရဘူး ခင်ဗျားမကြည့်ဖူးဘူးလား ရုပ်ရှင်တွေထဲမှာဆို မင်းသားက ဆိုဂျူသောက်လာပြီးရင် မင်းသမီးနဲ့ ..အိုက်ယားးး မဖြစ်ဘူး ခင်ဗျား မသောက်ရဘူးနော် "

BÃBY KYÜÑG SØÕ(Uni/Zg)Where stories live. Discover now