Baby Kyung Soo (Part-4)

1.2K 131 20
                                    

Unicode,

'Chanyeolတစ်ယောက် ကျောင်းသားများ ယောက်ပြီးတစ်ယောက်ထွက်လာသော်လည်းမိမိခလေးကို မတွေ့မိပေ ။ ကျောင်းမဆင်းခင်နာရီဝက်အလိုကတည်းကရောက်နေသည်မို့ စောင့်ရသည်မှာ ‌မိနစ်လေးဆယ်ကျော်သွားချေပြီ။ '

‌Yeol.pov..ဟော ဟိုမှာ ထွက်လာချေပြီ ငါ့ရဲ့ပုလုံးလေး
အားးး ချစ်လိုက်တာ ခလေးရာ ဘယ်လိုတွေ တောင်ချစ်ဖို့ကောင်းနေရတာလည်း ကြည့်ပါအုန်း လမ်းလျှောက်လာပုံလေးက အစ ,

'အစားပုတ်လေးဖြစ်သော်လည်းအရပ်မှာ အလယ်တန်းကျောင်းသားလေးကဲ့သို့ပင် အထက်တန်းဒုတိယနှစ်Uniform ဝတ်စုံလေးဝတ်ထားသည့်ခလေးလေးသည် သိပ်ကိုချစ်ဖို့ကောင်းလွန်းနေသည်။ '

ယခုအချိန်တွင်Yeol ၏ရင်ခုန်သံမှာ မြန်နေသည်လားနှေးနေသည်လားပင်မသဲကွဲ ခလေးလေးကျောင်းဝန်းထဲမှ ထွက်၍ မိမိနှင့်နီးသည်ထက်နီးလာသည့်တိုင်ရင်ခုံသံမှာ ဝုန်းဒိုင်းကြဲနေသည်။

Yeol... ဟမ် ဘာလား

'Yeol ကြည့်နေရင်းနှင့် ဒေါသစိတ်များမွှန်ထူကာ ဘာကိုမှမမြင်နိုင်တော့ပေ မိမိရှေ့တွင် အမြဲတမ်းဆူပုတ်နေသည့်ခလေးက ယခုမူ ပြုံးရွှင်လျှက် မိန်းခလေးတစ်ယောက်နှင့်စကားပြောနေလေသည်'
.
.
.
.
.
.
.
ဒေါသကိုရှေ့ထားကာ ထိုပေါက်စအား ဆွဲခေါ်လာမိခဲ့လေသည် အိမ်ရောက်သည်နှင့် အခန်းထဲသော့ခတ်၍ ပေါက်စ၏ မိဘ နှစ်ပါးထံ ဖုန်းဆက်ရပြန်သည် ။ မိမိကြိုတင်ပြောထား‌သောစကားများကြောင့် သိပ်ပင်မပြောလိုက်ရပေ သူ့သားကို ခိုးပြေးသွားတဲ့ Park Chanyeolဆိုသည်မှာလည်း ဒိတ်ဒိတ်ကြဲအောင်မြင်နေသည့်လုပ်ငန်းရှင်တစ်ဦး , မိန်းမအရှုပ်အရှင်းကင်းသူတစ်ဦးမဟုတ်ပါလား။
အစစအရာရာ အဆင်ပြေသွားသော်လည်း အခန်းထဲမှ ကိစ္စ မှာတော့ကျန်နေသေးပေသည် ။
အခြား‌ေတာ့မဟုတ် ကာယကံရှင်ပေါက်စမှာ အခန်းထဲတွင်ဝုန်းဒိုင်းကြဲနေလေသောကြောင့်ပင် 

KS... အီးးဟီးးး ကျွန်တော့ကိုအိမ်ပြန်ပို့ပေး

Yeol... မပို့ပေးနိုင်ဘူးလို့ပြောပြီးသား မင်းကိုခေါ်လာတာ ပြန်ပို့ပေးဖို့ခေါ်လာတာမဟုတ်ဘူး

BÃBY KYÜÑG SØÕ(Uni/Zg)Tempat cerita menjadi hidup. Temukan sekarang