Network Love [Unicode]

2.6K 177 86
                                    

At 2009....

လမ်းဘေးက ကားမှတ်တိုင်လေးတစ်ခုမှာ အသက်ကြီးကြီးနဲ့ အဘိုးတစ်ယောက်....ဒီလောက်ချမ်းအေးလှတဲ့ ဆောင်းရာသီကြီးမှာ ဘာခြုံလွှာ ဘာစောင်မှမပါဘဲ ချမ်းလွန်းလို့ တုန်ခိုက်နေတယ်....

ဒီခေတ်သားသမီးတွေများခက်လိုက်တာနော်...ဒုက္ခရောက်နေတဲ့လူတစ်ယောက်လုံးတွေ့တာတောင် အကူအညီလေး တစိုးတစိတောင် မပေးချင်ကြဘူး.....

"အဘိုး!"

ဘာမှပြန်ထူးသံမကြား....

"အဘိုး! အဘိုးအိမ်ကဘယ်မှာလဲဟင်! ကျွန်တော်လိုက်ပို့ပေးမယ်"

"ကျေးဇူးပါဘဲ ငါ့မြေးရယ်....ဒါပေမယ့် အဘိုးမှာ အိမ်မှမရှိတာကွယ်..."

"ဗျာ! ကျွန်တော့်ကို စပ်စုတယ် မထင်ပါနဲ့....အဘိုးမှာ သားသမီးတွေ မရှိကြဘူးလားဗျ"

"ရှိတာပေါ့....သူတို့အကုန်လုံး ဟိုးကောင်းကင်ကြီးမှာလေ"

ကောင်းကင်ကြီးကို လက်ညှိုးထိုးကာပြောလာတော့.....

"ကျွန်တော် တောင်းပန်ပါတယ်အဘိုးရယ်....,ကျွန်တော်ကမသိဘဲနဲ့....."

"ရပါတယ်မြေးရယ်"

"အဘိုးအေးနေမှာပေါ့... ကျွန်တော့် အနွေးထည်လေး ခဏခြုံထားလိုက်နော် "

"ထားလိုက်ပါတော့ အဘိုးကဘယ်နေ့သေမှာမှန်း‌မသိတဲ့လူပါ"

"မဟုတ်တာ အဘိုးရယ် ခြုံထားလိုက်ပါ.....ကျွန်တော်ပြန်လာခဲ့မယ်နော် အဘိုး....ဒီကဘဲစောင့်နေ...."

ကျွန်‌တော် အဘိုးရှေ့က ပြေးထွက်လာပြီး စတိုးဆိုင်တစ်ခုမှာ ပေါင်မုန့်နဲ့နွားနို့ကို အမြန်ဝယ်ကာ မှတ်တိုင်သို့ပြန်လာခဲ့သည်....

"အဘိုး ဒါလေး စားလိုက်‌နော်"

"ငါ့မြေး မုန့်ဖိုးမကျန်ဘဲနေပါ့မယ်ကွယ်"

"ကျွန်‌တော့်မှာ မုန့်ဖိုးကျန်ပါသေးတယ်.... အဘိုးသာစားလိုက်နော်"

"ကျေးဇူးပါဘဲကွယ်...ဒီ‌ကျေးဇူးကို အဘိုးပြန်ဆပ်မှာပါ"

"မဟုတ်တာ အဘိုးရယ်...ကျွန်တော် လှူတယ်လို့သဘောထားပါတယ်"

𝐍𝐞𝐭𝐰𝐨𝐫𝐤 𝐋𝐨𝐯𝐞 //Oɴᴇ sʜᴏᴛ//Where stories live. Discover now