ညအမှောင်ကလဲပိုပိုနက်လာသလို အခန်းထဲကျွန်တော်တစ်ယောက်တည်းငူငိုင်ငိုင်ထိုင်နေရင်း အတွေးစတွေထဲမြောနေမိတယ်။
အရမ်းမပူမအိုက်တဲ့ရာသီဆိုပေမယ့် ကျွန်တော်ကအအေးကြိုက်လို့ air cooler ဖွင့်ထားမိတော့ အဲ့စက်သံတစ်ခုကပဲ တိတ်ဆိတ်နေတဲ့အခန်းထဲပျံ့လွင့်နေတယ်။မင်းစိတ်ထဲရှိမယ့်အချစ်ဆိုတာခံယူချက်နဲ့ ဘယ်လိုအပြုအမူတွေအသုံးအနှုန်းတွေကချစ်တာလဲဆိုတာငါမသိဘူး ။
ငါထားတဲ့မင်းအပေါ်အချစ်တွေက ငါမင်းကိုတစ်ခုခုမကြိုက်တာ စိတ်ခုတာရှိတာတောင် ပြောလိုက်ရင်
မင်းစိတ်ထင့်သွားမှာစိုးလို့
မင်းနေရခက်မှာစိုးလို့
မင်းစိတ်ထဲတစ်မျိုးဖြစ်သွားမှာစိုးလို့
အဆိုးအဆုံးအနေနဲ့မင်းမချစ်တော့မှာကြောက်လို့ဆိုတဲ့အကြောင်းပြချက်တွေကြောင့်ငါမပြောရက်ခဲ့ဘူး။အင်းး ...ငယ်ငယ်ကလူကြီးတွေအမြဲပြောပြနေတဲ့စကားရှိတယ် "လူတွေကစိတ်ချင်းမတူဘူး" တဲ့။
"ဟူးးး "
ကျွန်တော်အတွေးစကိုရပ်ရင်း နောက်ဆုံးမျက်ရည်စကိုသက်ပြင်းနဲ့အတူချလိုက်ပြီး..
" သူနဲ့ငါ ခံယူချက်သဘောထားချင်းမတူတာပဲနေမှာပါ " လို့စိတ်ထဲကိုယ့်ကိုကိုယ်ပြန်ပြောနေလိုက်တယ်။
အဟက် ဒီလိုတွေဖြစ်နေတာကို ထူးဆန်းလောက်ပါတယ် ခုမှသိတဲ့သူတွေအတွက်ပေါ့။
ဒါကျွန်တော့်အတွက်မထူးဆန်းတော့ဘူး။
ခဏခဏဝင်လာတတ်တဲ့ကျွန်တော့အတွေးစ တွေ ရူးကြောင်ကြောင်နိုင်တဲ့အတွေးတွေနဲ့ အတူ အားမလိုအားမရတဲ့ခံစားချက်တွေ။ငါပြောင်းလဲဖို့လိုသေးလား?
ဘာတွေပြောင်းရမလဲ?
ဘယ်လိုလုပ်ရင် သူစိတ်ပြေမလဲ?
ခုနကထိစိတ်ဆိုးနေတာစိတ်မကြည်တာငါမဟုတ်ဘူးလား? ဘာလို့ ခုကြတော့ငါကပဲပြန်တောင်းပန်နေရတာလဲ?ထားပါဒါအရေးမကြီးဘူး တွေးလဲအဖြေမထွက်ဘူး အမြဲတမ်းအတွက်လဲအဲ့တာတွေနားလည်လာလို့လဲအဖြေမရဘူး။
ဟုတ်တယ် အခုအရေးကြီးဆုံးက သူ !
သူငါ့ကိုစိတ်ပြေဖို့! လျစ်လျူမရှုဖို့!အားးးရှ် စဉ်းစားစမ်းစဉ်းစားစမ်း!!! မင်းစိတ်ဆိုးနေတာတွသူကမသိဘူး! မင်း သူ့သိပြီးစိတ်ညစ်မှာစိုးလို့အမြဲအရိပ်အမြွတ်သေးသေးလေးတွေလောက်ပဲပြတာ သူကလဲမသိဘူး အဲ့တော့ မင်းစိတ်ဆိုးနေတာတွေကအရေးမပါတာတွေ မင်းရဲ့တစ်ကိုယ်တည်း အရေးမပါတဲ့ခံစားချက်တွေ
ဟုတ်တယ် ကျွန်တော်အခုတော်တော်ကိုပြာယာခတ်နေတယ် ဘာမှမသိဘူး ဘာဆိုဘာမှတကယ်ကိုမသိဘူး ခုတစ်ခုတည်းသိတာ အဓိကက သူ ပဲ သူစိတ်ပြေဖို့!
တစ်ခါတစ်လေတော့လဲကျွန်တော်စဉ်းစားမိတယ် ကျွန်တော်ကအရမ်းများတွယ်ကပ်မိနေလားလို့?
ဒါကျွန်တော့စတိုင်လုံးဝ (လုံးဝ) မဟုတ်ဘူး။
ပြောင်းလဲသွားတာ ၂လလောက်အတွင်း !
ကျွန်တော်ပြန်စဉ်းစားတယ် ပြန်သွားသင့်လားအရင်ပုံအတိုင်း?အဲ့လိုမေးခွန်းဝင်လာရင် နောက်မေးခွန်းတစ်ခုကပဲ ကျွန်တော့ခေါင်းထဲဒွန်တွဲနေတယ်။
"ပြန်သွားခဲ့ရင် သူမုန်းမှာလား? "
အဲ့အတွက်ကျွန်တေယ့်ရွေးချယ်မှုကအရမ်းရိုးရှင်းတယ် ကျွန်တော်ကအခုတစ်ယောက်တည်းမဟုတ်တော့ဘူး တစ်ကိုယ်ကောင်းဆန်ရမယ့်အချိန်လဲမဟုတ်ဘူး ဆန်လဲမဆန်ဘူး ။ ပြီးတော့အရာရာကိုအေးဆေးပြီးစေချင်တယ် ဘာကိစ္စအကြီးအသေးမှမရှိပဲ။
အဲ့တော့ ကျွန်တော်ခုပုံကိုထိန်းရင်းပဲ တစ်ယောက်တည်းသွားရမယ့်လမ်းမဟုတ်တော့ ကိုယ့်ဘက်ကလဲပြင်သင့်တာပြင်ရမယ်!ဒါပေမယ့်ကျွန်တော်ထင်တယ် ပြင်ရမယ့်ထဲအရေးကြီးဆုံးက သူ့ကိုသွားသွားရှုပ်နေမိတာပဲ!
ဟုတ်တယ် သူမကြိုက်လောက်ဘူး ဘာမှမဖြစ်ဘူးပြောပေမယ့် ဘယ်သူကအားနေလာလာရှုပ်နေတာမျိုးကြိုက်မှာလဲကျွန်တ်ေသိတယ် အဲ့တော့ပြင်ရမယ်။ ဟုတ်တယ် ။
ကျွန်တော့်အတွေးစတွေအတွက်အဖြေထွက်လာပြီ နောက်ဆုံးတော့လဲတောင်းပန်ရတာလဲကျွန်တော် ပြင်ဆင်သင့်တာတွေပြန်ပြင်ရမှာလဲကျွန်တော်ပဲ
အဲ့တာဆိုစိတ်မဆိုးဘူးလားမေးရင်?
ကျွန်တော်အဲ့မေးခွန်းမဖြေဘူး မဆိုင်တာတစ်ခုပဲဖြေမယ်လေ ရလား? ကျွန်တော်သူ့ကိုချစ်တာကိုးးးကလေးပေါက်စလေးတစ်ယောက်ကချိုချဉ်လေးကိုပထမဆုံးစားဖူးပြီးအရမ်းစွဲလမ်းပြီးချိုချဉ်ကိုပဲတသလိုမျိုး ကျွန်တော်လဲအဲ့လိုဖြစ်နေတယ်ထင်ပါရဲ့
ဒါဆိုလူကြီးဖြစ်သွားရင် အဲ့လိုမဖြစ်တော့ဘူးလေ?
ဟဟ အဲ့တာဆိုလဲကျွန်တော်လူကြီးမဖြစ်ချင်တော့ဘူးလေဗျာ~~_____________MINE______________

YOU ARE READING
MINE
Short Storyငါကအတ္တကြီးတယ် Sisavan ... အတ္တကြီးပေမယ့်မင်းရှေ့ဆိုအမြဲအရှုံးပေးနေတတ်တယ်။ စာလုံးလေးကလှတယ်နော် MINE တဲ့ Van အဲ့လိုလေးပဲငါ့အတွက်ဖြစ်ပေးမလား? မင်းကငါ့အပေါ်ဘယ်လိုပဲနာကျင်ပါစေပေါ့ ___________ ငါကအတ္တကြီးတယ် Sisavan ... အတ္တကြီးပေမယ့်မင်းရှေ့ဆိုအမြဲအ...