Zawgyi ver ......
Xiao Zhan ခု ကမ္ဘာ ကိုရောက်လာခဲ့တာ တစ်ပတ်ကျော်
ကြာနေပြီဖြစ်သည်။ပင်မ system ရဲ့ ရည်ရွယ်ချက်တော့ သူ့ကို ကလေး
ဘဝမှာ ဂရုစိုက်မှုတွေကို ခံယူစေဖို့ ဆိုပင်မဲ့
သူရဲ့ နဂို အသက်အတိုင်း ကျန်ရှိ နေတဲ့ မှတ်ဉာဏ်ကြောင့်
ကိုယ့်ကိုကိုယ် မိဘတွေရဲ့ သဲသဲလှုပ် ချစ်ခံနေရတဲ့
ကလေးလို မခံစားရဘဲ အရွယ်မတိုင်ခင်
လူအိုရုံ ရောက်သွားရသလို ခံစားနေရသည်။ခုလက်ရှိမှာတော့Xiao Zhan က ထမင်းစားပွဲခုံရှေ့မှာ
နို့သောက်လျက်....အဲ..အဲ...နို့ဘူးသောက်လျက်
အမေ ဖြစ်သူရဲ့ ချော့မြူခြင်းကို ခံနေရသည်။YiBo ဆိုတဲ့ system ကတော့ အမေဖြစ်သူရဲ့ နောက်နားမှာ ရပ်စောင့်နေသည်။
ထုံစံအတိုင်း မလိုက်မဖက်.ဂါဝန်ကြီးနဲ့ပင် ...
ဟန်ဆောင်သောက်ပြ နေတဲ့ နို့ဘူးကို စားပွဲပေါ်ပြန်တင်လိုက်ရင်း Yibo နဲ့
အသံလှိုင်း ချိတ်ဆက်လိုက်သည်။"Yibo "
"Xiao zhanရဲ့ ချိတ်ဆက်မှုကို လက်ခံရရှိပါပြီ"
အသံလှိုင်းဆိုသည်မှာ အလွယ်ပြောရလျှင်ဖုန်းပြောတာနှင့်
အနည်းငယ် ဆင်သည်။... မိမိရဲ့. .. system
နှင့်ချိတ် ပြီး ပြောလိုသမျှကို စိတ်ထဲက ပြောလိုက်ရုံနှင့်
အပြန်အလှန်ကြားနေရခြင်းဖြစ်သည်၊"အာ.....Yibo ရာ မင်းကို အဲ့လို အသံထောက်ထောက်ကြီး နဲ့ မပြောဘဲလူလို အနီးဆုံး
တူအောင်ပြောပါဆို....""အထက်ကို တင်ပြကြည့်ပါမည် "
"တကယ်ကို....အင်း...ထားတော့ ထားတော့...ခုလောလောဆယ် ငါဒီနို့လေး ရယ် အာဟာရမုန့်
လေးရယ်ဘဲ စားပြီး အသက်ရှင်ရတော့မှာလား လို့ပါ
ထပ်မေးပေးစမ်းပါ..........
အဟင့်...ခုနေ...ငါကြိုက်တဲ့ ကြက်ကြော်နဲ့ ဘီယာလေးသာ
သာသောက်လိုက်ရရင်....""ကလေးနှင့်မသက်ဆိုင်သော အပြုအမူများကို လုပ်ပါက
OOC ထိပါမည် ""လုပ်မယ်လို့ပြောနေ လို့လား ငါမသောက်ရတာကြာလို့သောက်ချင်တာပြောတာလေ.
တွေးခွင့်လေးတော့ ပေးပါဟ ချီးလိုဘဲ "
YOU ARE READING
မျက်စိလည်၍..System နှင့်ချစ်ကျွမ်းဝင်ခြင်း (မျက်စိလည်၍ Systemနှင့်ချစ်ကျွမ်းဝင်
ФанфикSystemကို ငါကြိုက်တယ် System ကိုဘဲငါယူမယ်။ Systemကို တိတ်တိတ်လေး ကြိုက်ရင်ကော OOC ထိမှာလား... Xiao Zhan × Wang Yibo Systemကို ငါကြိုက်တယ် System ကိုဘဲငါယူမယ်။ Systemကို တိတ်တိတ်လေး ကြိုက်ရင်ကော OOC ထိမှာလား... Xiao Zhan Wang Yibo