လှည့်ဖြားခြင်း (လှည့်ဖြားခြင်း )-1.2

425 42 20
                                    

Unicode.......

ရှောင်ကျန့် မှာ ဒီ system ထဲရောက်မှ
စိတ်ဓာတ်တွေ ကျရလွန်းလို့ သက်ပြင်းတောင် မချချင်တော့

အရင် ဘဝ တုန်းက သူ့က အသက်ပင်မပြည့်သေးဘဲ
Company ကို ထိန်းကျောင်းဦး ဆောင် ခဲ့ရလို့
ဆောက်တည်ရာမရခဲ့တဲ့ အချိန်တွေဟာ
ဒီဟာနဲ့ ယှဥ်လိုက်ရင် ပမွှား

အဲ့ဒီတုန်း က စိတ်ဓာတ်ကျတယ် ဆိုတာ
ငါ တစ်နေ့နေ့ ထိပ်ဆုံးကို ရအောင် တက်မယ်ဆိုတဲ့
ဆုံးဖြတ်ချက်နှင့် ပန်းတိုင်က ရှိပြီးသားဖြစ်လို့
ကျရှုံး မှုနှင့် လဲကျခဲ့ရရင်တောင် အိမ်မက်အတွက်ပြန်ထနိုင်
ဖို့ အားအင်က အလိုအလျောက်ပြန်ပေါ်လာပြီးသား

အခု ဟာ က ဘာလဲ plan ချပြီး လုပ်ရအောင်လဲ
Update အကြောင်းပြပြီး အကြောင်းအရာ
အမျိုးမျိုး ပြောင်းနေတဲ့ system ကြောင့်
ဘာကို ပန်းတိုင်းထားရမှာလဲကို မသိ

အဲ့လောက်အသုံးမကျတာ system နာမည်ကို
"အိမ်မက် တွေကို ဘောလီဘောလို သဘောထားပြီး
ရိုက်ချပေးမဲ့ အိမ်မက်ရိုက်ချ system "
ဆိုပြီးသာ ပြောင်းထား လိုက် ပါတော့ လား

*'' ရိပေါ် ရဲတွေက ဘယ်ချိန် ရောက်လာမှာ
လက်ပြန်ကြိုးတုတ်ခံထားရတာ မသက်မသာကြီးနဲ့ "*

ရှောင်ကျန့်က ကြိုးတုပ်ခံထားရတာ ကြာလွန်းလို့
တကယ် ကို ထုံကျင်နေပြီ ....ကိစ္စတွေကိုပိုပြီး ပိရိအောင်
သူ့ကိုယ်သူ အနာခံထားပုံရတဲ့ မူလ ရှောင်ကျန့် ရဲ့
ဒဏ်ရာ တွေဟာ အခုတော့ သူ့ခံနေရပြီး
ကိုက်ခဲနေမှုဟာ တစ်ဆစ်ဆစ်

* '' ရဲတွေရောက်လာဖို့ ၂မိနစ်နဲ့ ၇စက္ကန့် လိုပါသေးတယ်'' *

သိပ်တော့မလိုတော့ပါဘူး... စောင့်ရုံသာတတ်နိုင်တဲ့သူက
အမှတ်စဥ်တွေကိုရေတွက်ရင်းဖြင့်နေနေလိုက်တော့သည်

ရိပေါ်ပြောတဲ့အတိုင်း ၂မိနစ်အကြာမှာတော့
ရဲတွေ ရောက်တော့လာပါသည်။

သို့ပင်မဲ့ ရုပ်ရှပ်ထဲက အတိုင်း
မလှုပ်နဲ့ ရဲတွေဝိုင်း ထားပြီ လက်နက်ချဆိုတာမျိုးကို
လော်ကြီးနဲ့ အော်ပြောနေတာ ကတော့ မဟုတ်သေးဘူးမို့လား

မျက်စိလည်၍..System နှင့်ချစ်ကျွမ်းဝင်ခြင်း (မျက်စိလည်၍ Systemနှင့်ချစ်ကျွမ်းဝင်​Where stories live. Discover now