Part(1)

35 4 2
                                    

'တီ...... တီ....တီ' ဟုသော alarm မြည်သံကြောင့် ဟန်သုတ အိပ်ရာမှနိုးလာလေသည်။အခုမှ၇နာရီခွဲပဲရှိသေးသည်။
ဒီနေ့ဟာ ဟန်သုတအတွက်အလွန်အရေးကြီးသောနေ့ဖြစ်တယ်။ဘာလို့လဲဆိုတော့ ဒီနေ့က ဟန်သုတရဲ့university lifeကိုစတင်ရ မယ့်ပထမဆုံးနေ့ဖြစ်တာကြောင့် ဟန်သုတ အမြန်ထကာ ပြင်ဆင်လေတော့သည်။
မနက်၈နာရီ၁၅တွင်ဟန်သုတအဆင်သင့်ဖြစ်
နေတော့သည်။
သို့သော် သူငယ်ချင်းဖြစ်တယ့်နောင်သီဟကိုသွားခေါ်ရန် အဆောင်မှထွက်ကာ နောင်သီဟ
စီသို့သွားလေသည်။
နောင်သီဟ အဆောင်အောက်သို့ရောက်သော
အခါ ဟန်သုတဖုန်းဆက်လေသည်။
ဟန်သုတ-'ဟယ်လို နောင်သီဟ ငါအောက်မှာ
ရောက်နေပြီ ဆင်းခဲ့တော့ဟ'
နောင်သီဟ-'ဟမ်....သုတ မင်း အစောကြီးပဲရှိသေးတာကို ဘာလို့ ငါ့အဆောင်အောက်
ရောက်နေတာတုန်းဟ'
ဟန်သုတ-'ဟာ.... မင်းကလည်း ဒီနေ့ငါတို့ senior တွေနဲ့တွေ့ဖို့စုဝေးပွဲရှိတယ်လေကွာ'
နောင်သီဟ-'ဟင်....ကယ်ကြပါဦး ငါမေ့နေတာကွ သေစမ်း အေ့ပါကွာ ငါအခု မျက်နှာ
သစ်ပြီးတာနဲ့ လာခဲ့မယ် ငါ့ကိုခနစောင့်'
ဟန်သုတ-'ဟူး မင်းကတော့ လုပ်လိုက်ရင်အဲ့အတိုင်းပဲ တော်သေးတယ် ငါနည်းနည်းစောလာလို့...... အေ့ ငါ အောက်မှာစောင့်နေမယ်
မြန်မြန်လာခဲ့'
နောင်သီဟ-'အေ့ပါကွာ မင်းကလည်းငါ့အကြောင်းသိရဲ့သားနဲ့ '
ဟန်သုတ-'ဟူး' ဆိုပြီးဖုန်းချကာ ကားပေါ်မှ
ဆင်းလာကာ နောင်သီဟအဆောင်ရှေ့
ကားပါကင်နားကခုံပေါ်သို့လျှောက်သွားက
ငုတ်တုတ်ထိုင်ကာ နွားနို့ဘူးကိုဖောက်သောက်
လေသည်။
အဲ့အချိန်မှာထွဋ်ခေါင်မြတ်ကလည်း သူ့
သူငယ်ချင်းဗညားရဲကိုကြိုဖို့ ကားနဲ့ရောက်ချ
လာလေတော့သည်။ထွဋ်ခေါင်မြတ်ရောက်မလာခင်ကတည်းကဖုန်းဆက်ထားပြီးတာမို့
ကားပေါ်ကခနဆင်းကာထိုင်ခုံစီသို့လမ်း
လျှောက်ကာသွားတယ့်အခါမှာ ငုတ်တုတ်
လေးထိုင်ပြီးနွားနို့သောက်နေတယ့်ဟန်သုတ
ကိုမြင်တယ့်အခါ ထွဋ်ခေါင်မြတ်ခမျာ ရင်တွေအရမ်းခုန်သွားတော့တာပဲ(အဟမ်း ဇာတ်လမ်းကတော့စလာပါပြီနော်)
ဘယ်သူထင်မှာလည်း မနက်စောစောစီးစီး
အသားလေးဖြူဖြူ နှုတ်ခမ်းလေးထော်ပြီး
ဆံပင်ဖွာလန်ကြဲကာ နွားနို့သောက်နေတယ့်
ဒီကောင်လေးကိုတွေ့ရမယ်လို့
ထွဋ်ခေါင်မြတ်စိတ်ထဲမှာလည်း ဒီကောင်လေးကဘာကောင်လေးလား အရမ်းချစ်ဖို့ကောင်းတာပဲ ဟာ ငါ့စိတ်ထဲတစ်မျိုးကြီးဖြစ်လာသလိုပဲ
အဲ့အချိန်မှာပဲ ထွဋ်ခေါင်မြတ်ရဲ့I-watchမှ heart alarmကထမြည်လေးပါရော
ထွဋ်ခေါင်မြတ်တစ်ယောက်တည်းရှုက်ရှပ်
ခက်နေချိန်မှာတော့ဟန်သုတ တစ်ယောက်
တော်တော်စိတ်ညစ်နေလေသည် ။ဘာလို့လဲဆိုတော့ နောင်သီဟတစ်ယောက် သူ့ကိုစောင့်ခိုင်းထားသည်မှာနာရီဝက်ပင်ရှိနေပြီ။အဆောင်တံခါးရှေ့ကိုကြည့်တယ့်အခါမှာလည်းအရိပ်အရောင်ကိုမမြင် ရတော့ သူ့ခမျာ
ဘယ်လောက်စိတ်ညစ်နေမလဲ စဉ်းစားသာ ကြည့်ကြပါတော့၊
ထွဋ်ခေါင်မြတ်သတိဝင်လာကာ ဟန်သုတ
အနားသွားထိုင်ရန်ဆုံးဖြတ်ကာ လျှောက်သွားလေတော့သည်။အနားရောက်သောအခါ
ထွဋ်ခေါင်မြတ်က ဟန်သုတ ကိုမေးလေသည်။
ထွဋ်ခေါင်မြတ်-ဒီမှာထိုင်လို့ရလား ၊
ဟန်သုတမှာ စကားဖြင့်ပြန်မဖြေ မော့တောင်
မကြည့်ပဲ ခေါင်းငြိမ်းပြလိုက်သည်။
(ဒါနဲ့ သင်သိပါသလား ဒီလိုထွဋ်ခေါင်မြတ်
ထိုင်ဖို့အတွက်မေးဖူးသည်မှာ ဟန်သုတ တစ်ယောက်ပဲရှိတာကို )
ထွဋ်ခေါင်မြတ်ဝင်ထိုင်ကာ ဟန်သုတ အားခေါင်းအစခြေအဆုံးမသိမသာ ကြည့်ပါတော့သည်။
ထိုအချိန်တွင်နောင်သီဟ အပြေးအလွှားရောက်လာလေတော့သည်။
ဟန်သုတ-'မင်းကလည်း ကြာလိုက်တာကွာ
ငါအိပ်တောင်ပျော်တော့မယ်'
နောင်သီဟ-'ဟဲဟဲ နည်းနည်း ကြာသွားတယ် '
ဟန်သုတ-'ပြောမနေနဲ့တော့ ငါတို့နောက်ကျတော့မယ် သွားစို့'
နောင်သီဟ-'အိူခေ' ဆိုပြီးနှစ်ယောက်လုံးထွကိသွားတယ့်အခါ ထွဋ်ခေါင်မြတ်ခမျာ ငေးမော်
ကာကျန်နေခဲ့သည်။
ထိုအချိန်ဗညားရဲရောက်လာကာ ထိုအဖြစ်
အပျက်အားလုံးကိုမြင်လိုက်တာကြောင့်
ဗညားရဲ-'ကဲ ဘယ်လိုလဲ ကိုထွဋ် တစ်ခါမှ
ကိုထွဋ်အဲ့လိုဖြစ်တာမမြင်ဘူးပါဘူး ဘာလို့ဒီ
လောက်တောင်ငေးနေရတာလဲ'
သူမြင်မှာပေါ့ ဘာလို့ဆို သူကနောင်သီဟနဲ့အတူတူ အဆောင်ရှေ့ထွက်လာတာ မို့လို့
ထွဋ်ခေါင်မြတ်ငေးနေတာကိုသူကောင်းကောင်းတွေ့လိုက်သည်။
ထွဋ်ခေါင်မြတ်-'မင်း အဲ့တစ်ယောက်ကိုသိလား'
ဗညားရဲ-' နှစ်ယောက်လုံးကို သိတယ်'
ထွဋ်ခေါင်မြတ်-' ဘယ်လိုသိတာလဲ'
ဗညားရဲ-' ကျောင်းသားသစ်တွေ register လုပ်တယ့်နေ့က မင်းမှမလာတာ၊ အဲ့နေ့ကသိတာ ပြီးတော့မင်းငေးပြီးကြည့်နေတယ့်တစ်
ယောက် ကမင်းနဲ့ကျောင်းဝင်တယ့်ကုတ်တူတူပဲ'
ထွဋ်ခေါင်မြတ်-'အာ့ဆိုသူလည်းငါတို့ကျောင်း
ကပဲပေါ့'
ဗညားရဲ-'အေး' လို့ဆိုပြီး ရေသောက်နေတုန်းရှိ
သေးထွဋ်ခေါင်မြတ် အမြန်ထကာဗညားရဲ
ကို
ထွဋ်ခေါင်မြတ်-'လာ.....သွားစို့' ဆိုပြီး ကားစီသို့အမြန်သွားလေတော့သည်။

ထိုစဉ် ဟန်သုတ နဲ့ နောင်သီဟမှာလည်း ကျောင်းသိုရောက်လေသည်။
ရောက်တာနဲ့တခါတည်းပဲ ပင်မအဆောက်အဦးစီသွားကာ နာမည်ကတ်ပြားထုတ်ဖို့စောင့်နေသည်။
နာမည်ကတ်ပြားထုတ်ပေးနေတယ့်သူတွေက
တော့senior တွေပဲဖြစ်တယ်။
ထိုအုပ်စုထဲမှာတော့ ရွှေစင်လည်းပါလေတယ်။
ရွှေစင်-'မောင်လေး တို့ ညီမလေးတို့ ညီညီစီပြီး တစ်ယောက်ချင်းစီ အမစီမှာ နာမည်ကတ်
လာထုတ်နော်'ဟု လော်နဲ့အော်လေသည်။
ထိုစဉ် စိုင်းသူရက 'ဟဲ့ ဖြေးဖြေး အော်လည်း
ရပါတယ် နင့်ဟာ ကလော်ကြီးနဲ့ ကလေးတွေ
လန့်ပြီးပြေးကုန်အုံးမယ်'
ရွှေစင် 'နင်ကလည်း မကြားမှာဆိုးလို့ပါဟ'
စိုင်းသူရလည်းရွှေစင့်အကြောင်း သိပြီးသားမို့
ခေါင်းတစ်ရမ်းရမ်းနဲ့ပြုံးနေသည်။
အဲ့အချိန်မှာပဲ လွင်ဘုန်းဟိန်း တစ်ယောက်
ပထမနှစ်တွေကြားထဲကနေ စိုင်းသူရစီ နာမည်
ကတ်ထုတ်ဖို့ရောက်လာလေသည်။.........
.............(ကဲကဲ part(1)ကတော့ဒီလောက်ပါပဲနော် Author's ficလေးကို ကြိုက်မကြိုက်လေးပြောခဲ့ပါအုံးတစ်ကယ်လို့ part(2) ဖတ်ချင်နေပြီဆိုရင်လည်းရေးခဲ့ပါအုံးနော်Author ရေးပေးပါ့မယ် ဖတ်ချင်ရင်ပေါ့ ဟဲဟဲ🙄)
Voteလေးလည်းလုပ်ပေးပါအုံးနော်🙄

The Blue Sky of the EngineerWhere stories live. Discover now