Part 12
" အာ..."
" ကိုကိုသတိရလာပြီ "
လန်ဟွားခလုတ်ကိုနှိပ်ပြီး ဆရာဝန်ကိုခေါ်လိုက်သည်
" အခန်းနံပတ်3က လူနာသတိရလာပြီ
မြန်မြန်လာခဲ့ပါ "ဆရာဝန်လာပြီး ကိုကို့ကိုစစ်ဆေးပြီး
"လူနာကအခြေအနေကောင်းပါတယ် "
"တော်ပါသေးရဲ့! "
ယူဂျင်းနဲ့ လန်ဟွားသက်ပြင်းချနိုင်သွားသည်
"ကိုကို! "
ယူဂျင်း ကိုကို့ကိုတင်းကျပ်စွာဖက်ထားလိုက်မိသည်
" ကိုကိုကြောင့် အရမ်းစိတ်ပူသွားတာလား
ကိုကိုတောင်းပန်ပါတယ် "Xiao Zhan ပြန်ဖက်ရင်းသူလက်ထဲမှာ ဆုတ်ကိုင်တဲ့အရာကို ကြည့်လိုက်တော့ ဆွဲကြိုးဖြစ်နေသည်။
" ဒီဆွဲကြိုးက "
ယူဂျင်းလည်ပင်းကိုကြည့်လိုက်တော့လည်း
ဆွဲကြိုးဆွဲထားတာတွေ့သည်။" မမဆွဲကြိုးလား "
"ဟင်...ဟုတ်တယ် "
လန်ဟွားကြောင်သွားပြီးဖြေလိုက်မိသည်။ ဘယ်လိုဖြစ်တာလဲ သူဆွဲကြိုးကယူဂျင်းလည်ပင်းမှာလေ အခုမောင်လေးလက်ထဲမှာ ဆုတ်ကိုင်ထားတဲ့
ဆွဲကြိုးက ဘာလဲ
မောင်လေးဆွဲကြိုးက သုသန်မှာ စကားပြောနေတဲ့ ကောင်လေးကိုပေးခဲ့တာ သူ့အမြင်ပဲ
အခုဘယ်လိုဖြစ်တာပါလိမ့်" ကိုကိုတစ်လလုံးကြီးတောင် မြောနေတာ
ကျွန်တော့်ဘယ်လောက်ထိ စိတ်ပူနေလဲ
ကိုကိုသိရဲ့လား "" ကိုကိုတောင်းပန်ပါတယ်
ကလေးလေးစိတ်ပူနေရပြီ "Xiao Zhan ယူဂျင်းလေးကိုဖက်ပြီး
ကျောကိုပုတ်ကာ ပြောလိုက်သည်🌟တစ်ပတ်ခန့်ကြာသော်
Xiao Zhan ဆေးရုံကဆင်းရပြီဖြစ်သည်။အလုပ်တွေပြန်မလုပ်ခင် ကလေးလေးက သူ့ကိုတစ်နေရာကို အတင်းလိုက်ဖို့ ခေါ်နေသည်
" ကိုကိုmusic studio လိုက်ခဲ့ပါ့လား "
" Music Studioကိုဟုတ်လား "
"ဟုတ်ကဲ့ ကိုကို ကောင်လေးတစ်ယောက်နဲ့ သီချင်းတိုက်ဖို့ရှီတယ် သီချင်းနာမည်ကြားရင် ကိုကိုဖျားသွားမှာ "