Part 2
"ဘာ...ယင်ချန်..ငါမင်းကိုသူနဲ့စကားမပြောနဲ့လို့ပြောထားတယ်လေ "
" သူ့ကသနားဖို့ကောင်းတယ်လို့မထင်ဘူးလား
နတ်သားလေး "" လူဘဝမှာကောင်းကောင်းနေခဲ့တာပဲ
ဘာသနားစရာကောင်းလို့လဲ "" သူကအသက်၂၈နှစ်နဲ့ဆုံးသွားရတာလေ
သနားဖို့ကောင်းတာပေါ့ "Yiboပြုံးပြီး ပြတင်းပေါက်ကနေ ခြံအပြင်ကိုလှမ်းကြည့်လိုက်သည် ။
" နတ်သားလေး..သူ့ကိုတော့သွေးမအေးပါနဲ့
သူ့ကိုအိမ်ထဲမှာခေါ်ထားလိုက်ပါ ""ယင်ချန်...အပြင်ထွက်တော့..ငါ့အိပ်ချင်ပြီ "
Yibo ဘာမှမစဥ်းစားပဲအိပ်ပျော်အောင်
အိပ်လိုက်သည်။🌟🌟🌟
ဒီကလေးကိုတွေ့ရဖို့အတွက် Xiao Zhanဘဝမှာ အဲ့လောက်ခက်ခဲတဲ့ ကိစ္စမှန်းမသိခဲ့ဘူး ကလေးခြံထဲကထွက်လာတဲ့အချိန်ကိုစောင့်ပြီး ကားရှေ့မှာပိတ်ရပ်ခဲ့ပေမဲ့ ကားကခန္ဓာကိုယ့်ကိုဖောက်ထွက်သွားတယ် သူကားနောက်ပြေးလိုက်ပေမဲ့ မမှီခဲ့ဘူး။
သူ့ကဝိညာဥ်လေ ဘာကြောင့် အဲ့ကားနောက်လိုက်ပြေးလိုက်တိုင်း မောလာရတာလဲ ဒီကလေးက ဘယ်လိုကလေးများလဲ သာမာန်လူနဲ့ မတူဘူး သူ့အိမ်ကလည်း မြို့နဲ့အလှမ်းဝေးတဲ့နေရာမှာ ရှီနေတယ်။
ခြံကလည်းအကျယ်ကြီးပဲ ပြီးတော့ ဝိညာဥ်ကောင်လေးတစ်ယောက်ကိုလည်း ခေါ်ထားသေးတယ်"တီ...တီ "
Xiao Zhan စဥ်းစားရင်း ကားဟွန်းသံကြောင့်လန့်သွားသည်။
" ဒီကလေးပြန်လာပြီပဲ "
Xiao Zhan ဂိတ်စောင့်ကြီးရဲ့ ခန္ဓာကိုယ့်ထဲပြေးဝင်ပေမဲ့ ဝင်လို့မရပဲ ကန်ထွက်သွားသည်။
" တော်တော်သနားစရာကောင်းတဲ့ ဝိဥာဥ်ပဲ "
Yibo ကားပေါ်ကဆင်းပြီး ပြောလိုက်သည်။
" ကလေး "
" ဘာ!...ကျွန်တော့်ကိုဘယ်လိုခေါ်လိုက်တယ် "
" ကောင်လေး!...ငါ့မင်းကိုအကူအညီတောင်းစရာရှီလို့ပါ "
" ကျွန်တော့်ဘယ်ဝိဥာဥ်ကိုမှ အကူအညီမပေးဘူး "