Ep 1

380 24 0
                                    

"ဒီနေ့ Fashion & Design major ကို 'Angel' brand က CEO လာမယ်တဲ့" အတန်းထဲက ကျွန်တော်နဲ့ Doyoung ထိုင်နေတဲ့ ထိုင်ခုံနား အရောက်ထိကို အပြင်ကနေ အပြေးဝင်လာရင်း မမောမပန်း စကားဆိုလေတဲ့ Taeyongရဲ့စကား အဲ့စကားနောက်မှာ ဂိမ်းကို အသည်းအသန် ဆော့နေတဲ့ Taeilရဲ့ လက်အစုံဟာ ရပ်တန့်သွားပြီး စတင် စကားဆိုလာခဲ့သည်

"ရား ဘာကိစ္စနဲ့လဲဟင်"

"သူရဲ့ ဒီbrand တည်ထောင်ပုံနဲ့ ကြုံရတဲ့ အခက်အခဲ အတွေ့အကြုံ မျှဝေပွဲတဲ့ ပြီးတော့ ပွဲလာတဲ့သူတွေကို သူတို့ 'brand' တချို့ကိုလည်း %လျှော့ရောင်းပေးမယ် ကြားတယ်"

"ဘယ်ချိန်လာမယ်တဲ့လဲ"

"၁ခွဲလို့ပြောတယ်"

"ဘယ်နေရာမှာလဲ လုပ်မှာလဲ"

"သူတို့ဌာနရဲ့ ခန်းမမှာတဲ့"

"အင်း ဟုတ်ပြီ"

"သွားမယ်မလား"

"သွားမှာပေါ့ ငါသဘောကျတဲ့ brandကို ပြီးတော့ %လျှော့ပေးမယ်ဆိုတော့ လိုချင်ပြီး မဝယ်ဖြစ်လိုက်တဲ့ ဟာလေးတွေ ဝယ်ရမှာပေါ့"

"အင်းပါ ဒါနဲ့ မင်း အဲ့က CEOကို မြင်ဖူးလား"

"အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး သတင်းတို့ ဘာတို့မှာတော့ မြင်ဖူးတယ်"

"အင်း Doyoung မင်းရော လိုက်မှာလား"

"မင်းတို့နှစ်ယောက်လုံး သွားမယ်ဆိုတော့ လိုက်မယ်လေ"

"အင်း ခုတည်းက သွားကြမလား တော်ကြာ ခန်းမနေရာမရဘဲ ဖြစ်နေမယ်"

"အင်း သွားကြမယ်လေ"

……..... ခန်းမသို့ ရောက်သော်

"လူတွေ များလိုက်တာကွာ" ဟု ခန်းမထဲ ဝင်ရန် ပြင်လိုက်စဥ် Doyoung ဆီမှ ညည်းညူသံကြားလိုက်ရသည်

"အင်း ဟိုး အလယ်နားမှာတော့ နေရာလွတ်တွေ ရှိတယ် အဲ့နား သွားကြမလား"

"အင်း အဲ့နားကို သွားကြမယ်လေ"

"Taeyong Doyoung မင်းတို့ အရင်ဝင်နှင့်ပါလား ငါအိမ်သာ ခဏသွားချင်လို့ မင်းတို့ လိုက်ဦးမလား"

"မလိုက်တော့ဘူးလေ မင်းပဲ သွားလိုက်တော့ ငါတို့ နေရာဦးထားလိုက်မယ် မင်းဒီခန်းထဲ ပြန်ရောက်လို့ ငါတို့ကိိုမတွေ့ရင် ဖုန်းဆက်လိုက်လေ"

Moon's Oo [JohnIl]Where stories live. Discover now