1

500 70 6
                                    

zawgyi

" CEO အရေးကြီး meetingရှိတယ်!! "

အတွင်းရေးမှူးလျှန်ရဲ့ စကားကြောင့် ရိပေါ်ခေါင်းငြိမ့်ကာ ချက်ချင်းပြေးထွက်လာခဲ့သည်။ သူသိတာပေါ့ Moon Companyရဲ့ လက်ချက်ဆိုတာ။

ရိပေါ် အတွင်းရေးမှူးလျှန်နှင့်အတူ meetingခန်းထဲ ၀င်လာလိုက်သည်။ meetingခန်းထဲမှာ မျက်နှာပျက်နေကြသော ဘုတ်အဖွဲ့ဝင်တွေကို မြင်ရတာ ရိပေါ်တွက် ပိုပြီး စိတ်ညစ်စရာကောင်းသည်။

" ကျွန်တော်သိတယ် limited edition designကို ရှောင်ကျန်းခိုးသွားတာ!! ဒါမဲ့ ခင်ဗျားတို့က ဒီလိုနေနေလို့ မရဘူးလေ!! ကျစ်!! ရှယ်ရာရှင်တွေကို ခေါ်လေ!! တကယ်ပဲ!! "

ရိပေါ် ဒေါသထွက်လွန်းလို့ အသားတွေပါ တုန်နေပြီ။ အမှန်တကယ် ရိပေါ် ဒေါသထွက်နေမှန်း သိကြတာမို့ ဘုတ်အဖွဲ့ဝင် ၁၈ဦးကလည်း တစ်ဦးမျှ မလှုပ်ရဲကြပေ။

" အတွင်းရေးမှူးလျှန် ဒီလထုတ်ကုန်ရဲ့ ဒီဇိုင်နာကို ခေါ်လိုက်!! စက်ရုံက အလုပ်သမားတွေကို ဘာမှဆက်မလုပ်တော့ဖို့ပြောထား!! "

" ဟုတ်! "

သူ့စကားကြောင့် လျှန်အတွင်းရေးမှူးက ခပ်မြန်မြန်ပင် အပြင်ထွက်ပြီး ဖုန်းခေါ်သည်။

" ခင်ဗျားတို့ အရှေ့မှာ ချထားတဲ့ ရေပဲဇွတ်သောက်မနေနဲ့!! ရှယ်ယာရှင်တွေကို ခေါ်လေ!! "

ရိပေါ်ရဲ့ စကားကြောင့် တစ်ယောက်မှ စားပွဲပေါ်က ရေဘူးကိုတောင် မထိရဲကြပဲ ဖုန်းထုတ်ကာ အလုပ်ရှုပ်နေသည်။

" အတွင်းရေးမှူး လျှန်!! ကားအသင့်ပြင်ထားပါ Moon Companyကိုသွားမယ်!! "

ရိပေါ် အတွင်းရေးမှူးလျှန်အား ဖုန်းချကာ တောက်တစ်ချက် ပြင်းပြင်းခေါက်မိသည်။ MarryWink Companyဖြစ်တဲ့ ရိပေါ်ရဲ့ fashion companyက နောက်အသစ်ထွက်မဲ့ limited edition အိတ်ပုံစံကို ခိုးပြီး ထုတ်သွားတဲ့ Moon Companyကို ရိပေါ်လုံးဝမကျေနပ်ပါ။

ဒေါသတွေကို ပြေလျှော့ကာ အပေါ်ဝတ်အကျီင်္ကို ၀တ်ပြီး အခန်းထဲမှထွက်လာလိုက်သည်။ တွေ့ကြပြီ ရှောင်ကျန်းရာ!။

~•~•~•

" ရှောင်ကျန်း!! "

တံခါးကို ၀ုန်းခနဲ ဆောင့်ဖွင့်လိုက်တာမို့ ရှောင်ကျန်းရင်ခွင်ထဲမှာ အီစီကလီလုပ်နေသည့် ကောင်မလေးလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး ဖရိုဖရဲဖြစ်နေသည့် အကျီင်္ကို ပြင်ဝတ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 03, 2020 ⏰

Add this story to your Library to get notified about new parts!

Limited Edition Where stories live. Discover now