Su Yanyiရဲ့တိတ်ဆိတ်ရခြင်းနဲ့အမူအရာပြောင်းလဲခင်းနှစ်ခုလုံးကိုQin Jiranကသတိထားမိသွားတယ်။သူမမျက်ဝန်းတွေနီရဲနေတာကိုမြင်တော့သူရဲ့မျက်ခုံးတွေတွန့်ချိုးသွားပြီးသူဂရုတစိုက်နဲ့"Yanyi,တစ်ခုခုဖြစ်လို့လားဘယ်နေရာကမသက်မသာခံစားနေရလို့လား"လို့မေးလိုက်တယ်"နင်မကွာရှင်းချင်ဖူးမလား"ဆိုတဲ့Su Yanyiခါးသက်မှုပါဝင်နေတဲ့အသံနဲ့ပြောလိုက်ပင်မဲ့သူမရဲ့အသံကိုအတော်လေးသတိထားပြောနေရတာကသူမဘဝအတွက်အရေးကြီးတဲ့အဆုံးဖြတ်တစ်ခုချနေရသလိုမျိုးဘဲ။
"ကိုယ်...." မကွာရှင်းချင်ဖူးဆိုတာသေချာတာပေါ့။ဒါပင်မဲ့သူအဲ့ဒါကိုလုံးဝပြောမှာမဟုတ်ဖူး။သူရဲ့နှလုံးသားတွေတုန်ခါနေပင်မဲ့သူမမျက်နှာကိုကြည့်ပြီးဒီမေးခွန်းဖြေ ဖို့သူ့ကိုယ်သူမဝံ့ရဲဖူး ။သူမကိုယ်လဲမကွာရှင်းချင်ဖူးလို့ပြောပြီးစိတ်ဓာတ်ကျသွားအောင်မလုပ်ချင်ဖူး။
သူမရဲ့ဆန္ဒတွေအားလုံးကိုသူလိုက်လျောဖို့ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အပြင်သူတို့ရဲ့လက်ထပ်မှုကိုသူမသဘောမကျဖူးဆိုတာလည်းသိပြီးသား။ဒါကြောင့်လဲကွာရှင်းဖို့ကိုသူ့ဘက်ကမေးခဲ့တာဘဲ။
သူမသူ့ကိုဘယ်လိုမြင်နေတာလဲ။သူတို့လက်ထပ်ခြင်းမှရရှိတဲ့အာဏာနဲ့အောင်မြင်မှုတွေကိုသူမက်မောလို့ကွာရှင်းဖို့ကိုသဘောမတူတာလို့သူမြင်နေတာလား။သူနဲ့ပတ်သတ်ရမှာကိုသူမအနေနဲ့မနှစ်မြို့မှုနဲ့စက်ဆုပ်မှုတွေကိုခံစားနေရတာလား။
သူ့အပေါ်အကောင်းမြင်ဖို့အတွက်သူအရာရာတိုင်းကိုကြိုးပမ်းခဲ့ရဲ့တဲ့အပြင်သူရဲ့အပြုအမူ၊အလုပ်ကိုင်နဲ့သူကိုမုန်းနေတာကနေသဘောကျနှစ်သက်လာအောင်သူအားထုတ်ကြိုးပမ်းခဲ့ရတယ်။အဲ့ဒါတောင်ခုချိန်ထိသူ့အပေါ်ဘာမှမတုံ့ပြန်သေးတဲ့အပြင်သူမရဲ့အပြုံးသေးသေးလေးတစ်ခုရဖို့တောင်သူရဲ့ကြိုးစားမှုတွေကမလုံလောက်သေးဖူးလား။
ဒါတွေကြောင့်ကွာရှင်းဖို့ကသာအကောင်းဆုံးရွေးချယ်မှုဘဲ။လက်ထပ်ခြင်းဆိုတဲ့နှောင်ဖွဲ့မှုကနေသူမကိုလွှတ်ပေးလိုက်တော့မယ်။သူမလုပ်ချင်တဲ့အရာရာတိုင်းကိုလုပ်ဖို့သူမကိုလွတ်လပ်ခွင့်ပေးလိုက်တော့မယ်။ဒီနေရာမှာသူမနဲ့အကြာကြီးနေခဲ့ရပြီးပြီဘဲသူမကိုတိတ်တဆိတ်လဲကြည့်ရှုပြီးပြီးတိတ်တခိုးလေးလည်းသဘောကျနေရတာနဲ့တင်သူ့အတွက်လုံလောက်နေပါပြီ။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ချစ်လှစွာသောဇနီးသည်ပြန်လည်ရှင်သန်ခြင်း(မြန်မာဘာသာပြန်)
FantasyHello Guys! This is not my work.I'm just translating it here so that more people can read it. Translation လုပ်ထားတာပါ ဘာသာပြန်ဝတ္ထုပါနော် လုံးဝလုံးဝညီမရဲ့ကိုယ်ပိုင်မဟုတ်ပါဖူးနော်။ ထပ်ပြောပါမယ် Translation လုပ်ထားတာပါနော်ညီမကိုယ်ပိုင်လုံးဝမဟုတ်ပါဖူး ...