အခုချိန်မှာတော့သူရဲ့အမူအရာပြောင်းလဲမှုကိုအကြာကြီးလျစ်လျူမရှုနိုင်တော့ပါဖူး။သူရဲ့အမေးကိုမဖြေဘဲအတွေးများနေတဲ့သူမကြောင့်သူရဲ့မျက်နှာမှာရှုံးနိမ့်မှုနဲ့စိတ်ဓာတ်ကျခြင်းကိုရှာတွေ့လိုက်တယိ။
Su Yanyiသူမနှုတ်ကတစ်ခုခုပြောမို့ပြင်လိုက်ပြီးမှနောက်ဆုံးတော့ဘာမှမပြောဘဲတိတ်တဆိတ်သာနေလိုက်တော့တယ်။
Qin Jiran၏မျက်လုံးထဲမှာသူမရဲ့ခံစားချက်မဲ့သလိုအမူရာကိုမြင်လိုက်ရတာကြောငိ့သူနဲ့ထမင်းစားဖို့ကိုအသံတိတိငြင်းဆိုတာလို့ထင်သွားခဲ့တယ်။သူမကဘယ်တုန်းကမှသူနဲ့ထမင်းတူတူစားချင်ခဲ့တာမှမဟုတ်တာလို့အထင်လွဲသွားတော့တယ်။ဒီလိုခံစားချက်ကြောင့်သူရဲ့နာကျင်သွားတဲ့စိတ်ကြောင့်ခဏတာမှိုင်တွေသွားတော့တယ်။
"Yanyiကိုတို့ကကွာရှင်းမှဖြစ်မှာလား"ဆိုတဲ့Qin Jiranရဲ့ခံစားချက်တွေရောထွေးနေတဲ့အသံထွက်ပေါ်လာတယ်။
ဒီလိုမေးခံလိုက်ရတဲ့အတွက်Su Yanyiဟာမပြတ်မသားအကြည့်တွေနဲ့စူးစိုက်ကြည့်မိနေတယ်။လွန်ခဲ့တဲ့သုံးနှစ်ကအချိန်ကိုသူမတကယ်ပြန်ရောက်နေတာဘဲ။အတိတ်ကဒီလိုအချိန်မှာသူမကကွာရှင်းဖို့ကိုရွေးချယ်ဆုံးဖြတ်ခဲ့တာဘဲ။
သူမမေ့မျောနေစဉ်အချိန်မှာသူမကိုသူမပြန်မေးဖူးတယ်။တကယ်လို့သူမပြန်လည်နိုးထလာရင်ရောသူ့အပေါ်အေးစက်စက်နဲ့ဆက်ဆံပြီးနှလုံးသားမရှိစွာကွာရှင်းဖို့ကိုသူမရွေးချယ်ဦးမှာလားဆိုတဲ့မေးခွန်းဘဲဖြစ်တယ်။
သူ့အပေါ်ထားရှိတဲ့သူမရဲ့သဘောထားကဘယ်တုန်းကမှကောင်းခဲ့တာမဟုတ်ဖူး။သူတို့ရဲ့ပထမဆုံးတွေ့ဖူးချိန်ကသူမကcompanyရဲ့CEOတစ်ဦးဖြစ်ပြီးသူကတော့သာမာန်သူစိမ်းတစ်ောယက်သာဖြစ်လေတယ်။
သူမမိသားစုရဲ့လိုအပ်မှုကြောင့်သာမဟုတ်ရင်သူမသူနဲ့လက်ထပ်ဖို့ကိုဘယ်တုန်းကမှသဘောတူခဲ့မှာမဟုတ်ဖူး။လုပ်ငန်းခြင်းပူးပေါင်းဆောင်ရွက်ဖို့သာမလိုခဲ့ရင်လက်ထပ်ခြင်းနဲ့မိတ်ဖွဲ့တဲ့အကြံကိုသူမပေးခဲ့မှာမဟုတ်သလိုသူမ မချစ်တဲ့လူနဲ့လဲလက်ထပ်ခဲ့မှာမဟုတ်ဖူး။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ချစ်လှစွာသောဇနီးသည်ပြန်လည်ရှင်သန်ခြင်း(မြန်မာဘာသာပြန်)
FantasiHello Guys! This is not my work.I'm just translating it here so that more people can read it. Translation လုပ်ထားတာပါ ဘာသာပြန်ဝတ္ထုပါနော် လုံးဝလုံးဝညီမရဲ့ကိုယ်ပိုင်မဟုတ်ပါဖူးနော်။ ထပ်ပြောပါမယ် Translation လုပ်ထားတာပါနော်ညီမကိုယ်ပိုင်လုံးဝမဟုတ်ပါဖူး ...