zawgyi
• ကျွန်တော့်ကို မလိုအပ်တဲ့ ဦးရင်ထဲမှာ ကျွန်တော်မနေတော့ဘူး•
A U T U M N
" ဘယ်လို!WangYiBo!! မင်းငါ့ကိုမဟုတ်တာတွေ မပြောနဲ့ "
ဦးရဲ့ စကားကြောင့် သူငြိမ်သက်သွားမိသည်။ လက်ထဲမှာ အသင့်ယူဆောင်လာတဲ့ လက်ထပ်စာချုပ်က မြေခသွားခဲ့ပြီ။ အရင်ကတော့ ငယ်ပြောသမျှ ယုံပေးမယ်တဲ့။ လိမ်နေရင်တောင် ငယ်ပြောတာမို့ ယုံပေးမယ်ဆိုတဲ့ ဦးက အခုတော့ သူ့စကားကို ခါးသီးစွာ ငြင်းပယ်နေသည်။
"ကျွန်တော် အမှန်ကိုပြောနေတာ ဦး..! "
မယူလာခဲ့မိသည့် သက်သေတွေအတွက် နောင်တရမိနေသလို။
" မဟုတ်ဘူး မင်း.. ငါ့ကို ထပ်ပြီးလှည့်စားဦးမလို့မဟုတ်လား.. "
ဖျော့တော့စွာ ပြောလာတဲ့ ဦးကို သူတကယ်နားမလည်နိုင်တော့။ ဦးကို ရှင်းပြလိုက်ရင် သေချာနားထောင်ပြီး တောင်းပန်ပါတယ် ငယ်ရယ်လို့ ပြောလာမယ်ထင်လို့ သူပြောပြခဲ့တာ။ အတွေးတို့က အမြဲ လက်တွေ့နဲ့လွဲနေခဲ့ရတာပဲ။
" ကျွန်တော့်ကို မလိုအပ်တဲ့ ဦးရင်ထဲမှာ ကျွန်တော်မနေတော့ဘူး... ကောင်းကောင်း ကျန်ရစ်ခဲ့ပါ။ ဒီအိမ်ရော.. ပိုင်ဆိုင်မှုတွေရော ကုမ္ပဏီရောက ဦးရဲ့ နာမည်နဲ့ လုပ်ထားပြီးသားမို့ လျှော်ကြေးအနေနဲ့ ယူလိုက်ပါ "
တွေဝေနေတဲ့ ဦးရဲ့ မျက်လုံးတို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ သူလှည့်ထွက်လာသည်အထိ ဦးက သူ့ကို ဖမ်းဆွဲမထားပါ။ စိတ်ကုန်သွားပြီလား။ နာကြည်းနေတာလား။ တောင်းပန်တာမို့ ကျွန်တော်ဒီတစ်ခေါက်တော့ ထွက်ပြေးတော့မယ် ဦး...။
ခြံပြင်ရောက်သည်နှင့် အရုပ်ကြိုးပျက်သကဲ့သို့ လဲကျသွားသည်။ ကျွန်တော်က သန်မာတဲ့ လူမဟုတ်ဘူး ဦး။ ပျော့တိပျော့ဖတ်လေးက ဦးတွက် သန်မာချင်ယောင် ဆောင်ခဲ့တာ။
စီးကျလာတဲ့ မျက်ရည်တွေကိုလည်း သုတ်ပေးမဲ့လူမရှိ။ လမ်းသွားလမ်းလာအချို့က ကွက်ကြည့်ကွက်ကြည့်နှင့်။ YiBo ဂရုမစိုက်။ တစ်လောကလုံးကို ဥပက္ခာပြုပြီး ဦးမျက်နှာကိုပဲ ကြည့်နေမှာမို့ မည်သူ့ကိုမှ ဂရုမစိုက်ပါ။
YOU ARE READING
MY AUTUMN ( Completed )