zawgyi
• ရွေ့လျားနေတဲ့ နာရီလက်တံတွေကို ကိုယ်သဘောမကျဘူး ငယ်။ သူတို့ တစ်ပတ်ရွေ့ပြီးတိုင်း ကိုယ်နဲ့ငယ် မိုင်၁၀၀လောက် ဝေးသွားသလို ခံစားရသည်။ ကိုယ့်စိတ်ထင်နေတာတွေ မဟုတ်ပါစေနဲ့ငယ်ရယ်။ •
A U T U M N
မနက်ခင်းရဲ့ နေရောင်ခြည်တို့က မျက်လုံးပေါ်ကျရောက်လာတော့မှ XiaoZhan နိုးသည်။ ညက အရက်သောက်ထားသည့် အရှိန်ကြောင့် မူးဝေနေသောခေါင်းကို ခပ်ကြမ်းကြမ်းခါလိုက်ရင်း ခုတင်ပေါ်မှ ထလိုက်သည်။ ယနေ့တော့ ထူးထူးဆန်းဆန်း 'ဦး´ ဆိုပြီး ငယ်က လာမနှိုးတော့ပါ။
စားပွဲပေါ်မှာ တုန်ခါသွားသော ဖုန်းကြောင့် ကေယက်ကိုင်ကာ ကြည့်လိုက်တော့ LeeBin ဆီမှ messageတစ်ခု။ ဒီကောင်လေး YiHong နဲ့ ရန်ဖြစ်ပြန်ပြီလား။
*ဦးလေးကို အစ်ကိုYiBoက တအားချစ်တာ..
ကျွန်တော်ကိုလည်း ကိုကိုက ထားခဲ့ဖူးတာမို့
ထားခဲ့ခံရတဲ့ ခံစားချက်ကို နားလည်ပါတယ်
ဦးလေးကို ကျွန်တော်နားလည်ပေမဲ့
အစ်ကိုYiBo ပြောခဲ့တာက အမှန်တွေပါ
အစ်ကိုက ဦးလေးကို မဆွဲထားနိုင်တော့လို့
အဝေးကို ထွက်သွားပြီ
ကျွန်တော်ကတော့ အစ်ကိုYiBoကို လိုက်ရှာစေချင်တယ်
သူအရမ်းဝမ်းနည်းနေမှာ*ဖုန်းထဲသို့ LeeBinဆီမှ ၀င်လာသော Messageက မျှော်လင့်ထားသလို မဟုတ်သည့်တွက် XiaoZhan ခေါင်းတွေတောင် နောက်ကျိသွားသည်။ ယိမ်းယိုင်သွားသော ခန္ဓာကိုယ်ကြောင့် ကုတင်ပေါ် ထိုင်ချလိုက်ရသည်။ ငယ်ကထွက်သွားပြီ။ မဟုတ်ဘူး။ ငယ်က သူ့ကိုထားပြီး ဘယ်မှသွားမှာမဟုတ်ဘူး။
ကယောင်ကတမ်းနှင့် မျက်ရည်တွေပင် ကျမိသည်။ သူမှားခဲ့တာ။ သူသာ ငယ့်ကို ခါးသီးစွာမပြောခဲ့ရင်ဆိုတဲ့ အသိက နှလုံးသားကို အဆတစ်ရာမက နာကြင်စေသည်။ ပျော့ညံ့လွန်းတဲ့ ငယ်က ခါးသီးတဲ့ စကားတွေကို မခံနိုင်တာသိပေမဲ့ သူပြောခဲ့မိသည်။ တောင်းပန်ပါတယ် ငယ်ရယ်။ ကိုယ်သာ ငယ့်ကို မုန်းနေပေမဲ့ ကိုယ့်နှလုံးသားကတော့ ချစ်တယ်ကွာ။
XiaoZhan အခန်းထဲမှ အိမ်အောက်ထပ်ကို လျှင်မြန်စွာ ပြေးဆင်းလာလိုက်သည်။ အိမ်အကူဝတ်စုံတွေနှင့် အလုပ်ရှုပ်နေသော အိမ်အကူတွေကိုသာ တွေ့ရသည်။ အရင်နေ့တွေကလို ဧည့်ခန်းမှာ ဆိုဖာပေါ် ခြေထောက်ချိန်ထိုင်ကာ သူ့ကို စူးစိုက်ကြည့်နေမဲ့ ငယ်,မရှိတော့ပါ။ နောက်,နေတာမလား။ ဟုတ်တယ် သူတို့အားလုံး ကျွန်တော့်ကို နောက်,နေကြတာ။
![](https://img.wattpad.com/cover/219338544-288-k981597.jpg)
YOU ARE READING
MY AUTUMN ( Completed )