ညအချိန်ကား ၁နာရီ ။ တစ်ခါတစ်ရံ ကားတစ်စီး၊ နှစ်စီး ဖြတ် သံလောက်သာကြားရပြီး တိတ်ဆိတ်နေပြီးဖြစ်တဲ့ မြို့နေလူတို့ ရဲ့ နေထိုင်မှုနှင့် ဆန့်ကျင်စွာ လမ်းကြိုလမ်းကြားတွေကြား ကျက်စားနေတဲ့ ညသားကောင်တို့ ရဲ့  ပျော်ရွင်ရာသုခဘုံ ။လမ်းမီး ဝါကျင်ကျင်တွေကြား ဆူညံနေသော တီလုံးသံတွေကြား... ထိုလူသားတို့ ယစ်မူးပျော်ရွှင် ကခုန်နေကြမည် ။ ကားအကောင်းစားတွေပေါ်က ဆင်းလာသော... သူဌေးများအပေါ် ရစ်တွယ်နေကြသော ခပ်ဟော့ဟော့ ကောင်မလေးများ ၊ ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ထားသည့် လူမိုက်ဆန်ဆန် ကောင်ဆိုးလေးများ ၊ ဓာတ်မီးတိုင် တွေကိုမှီရင်း ဖြစ်ချင်ရာ ဖြစ်နေတဲ့ သမီးရည်းစား စုံတွေများ ၊ ဒီနေရာက ဒီလူသားတွေ အတွက် နိဗ္ဗာန်ဘုံ လေ။ တစ်နည်း လူ့စိတ် သတ်ကွင်း။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက်ဝင်ထွက်သွားလာနေတဲ့ ထိုအဆောင်အအုံ ။ အပြင်ဘက် အစောင့်နှစ်ဦးရဲ့ တင်းတင်းကြပ်ကြပ်စစ်ဆေးမှုကိုခံယူပြီး၊ အသက်ပြည့်မှ ဝင်ခွင့်ရှိတဲ့ နေရာ ။ စိတ်အပန်းဖြေမှု တစ်ခုတည်းနဲ့ လူတွေက မကောင်းတဲ့ အရာကို လုပ်ကြတယ် ။ မကောင်းတဲ့ အလုပ်မှန်းသိလေလေ... လုပ်ချင်လေ ။ ရွေးချယ်စရာရှိရင်တော့ ကောင်းတာကို ရွေးလုပ်မယ်လို့ ကန်လန့်တိုက်တက်ကြပေမယ့် ထိုလူတွေအတွက် ကောင်းတဲ့ ရွေးချယ်မှုဆိုတာ ကောက်ရိုးပုံက အပ်ရှာသလို ရှာပါးလွန်းတာမို့ ။ တစ်ခါမှားဖူးရင် ဆက်မှားဖို့ ဝန်မလေး တက်ကြသလိုပေါ့ ။
" Hi baby ဒီနေ့ နောက်ကျတယ် "
မိတ်ကပ်ဖွေးဖွေး၊ နှုတ်ခမ်းနီရဲရဲ ၊ဆံပင်တွေကို ဖွာလန်ကျဲထားပြီး ပေါက်စိမဲမဲ နှစ်လုံးက အပြင်သို့ လျံထွက်ပြီး
ဘားခေါင်မိုးထိပ် ရောက်ခါနီးဆဲဆဲ ၊ ဘားရဲ့ နာမည်အကြီးဆုံး.... ယူဝီ က ဆိုင်ထဲ ဝင်ဝင်လာချင်း မိတ်ဆတ်တယ် ။Yibo ရဲ့ မကောင်းတဲ့ အကျင့်တစ်ခုက လူကြိုက်များတဲ့ အရာတစ်ခုဆို... မထိချင်လေ ဖြစ်တယ် ။ အခုလဲ သူလာတိုင်း ယူဝီက နည်းမျိုးစုံနဲ့ ဆွယ်နေပေမယ့် ထိချင်စိတ်တစ်စက်ကလေးတောင် ရှိမနေ ။ သူဒီကို လာရခြင်းအချက်က မူးအောင်သောက်မယ် ၊ မီးရောင်စုံ သီချင်းသံ မြူးမြူး ကြားမှာ ကွေးနေအောင်ကမယ် ။ ပြီးရင် လန်းတဲ့ ကောင်မလေးတစ်ယောက်နှစ်ယောက်လောက်နဲ့ သာယာလိုက်မယ် ။ သာယာတယ်ဆိုလို့ Wang Yibo တို့က kissing အဆင့်ကနေ မတက်ပေ ။ ဟုတ်တယ်လေ ပျော်ရွှင်မှု လာရှာတာ ၊သူများဘဝတွေရဲ ပျော်ရွှင်မှုကို လာဖျက်စီးတာမဟုတ်ဘူး ။ဒီနေရာက ပိုက်ဆံအတွက်အလုပ်လုပ်နေရတဲ့ သူတွေရဲ့ ဘဝကို စာနာပေးသင့်တယ်မလား ။
YOU ARE READING
One Shots [ YIZHAN]
FanfictionFull credit to photo. YIZHAN [1]Daisy [2]A Letter From Tokyo [3]My Sunshine [4] Yellow Ending Sad Ending: 2 Happy Ending: 2 Only Fanfiction. If you don't enjoy, I'm Sorry. Thanks You. Ta Ra For Now.