Zawgyi
" မင်းအမေရောအဖေရောက မင်းလိုမလိုချင်လို့ပစ်သွားတာ...မင်းကမိဘမဲ့ ၊ မင်းက သုံးစားမရတဲ့ကောင်... ဟားဟား...ဟေ့ကောင်တွေ ဒီမှာ သနားဖို့ကောင်းတဲ့ကောင်လေးကိုလာကြည့်ပါအုံးကွာ... "
" လက်နဲ့ထိဖို့တောင်မတန်ဘူး ဒီလိုကောင်မျိုး...ပိုက်ဆံမရှိဘဲ ငါတို့နဲ့ကျောင်းတက်ချင်သေးတယ်...ဒီကောင်ကွာ...ဟားဟား "
မသတီစရာစကားတွေကြား...ကန်ခံထိထားတဲ့ ဗိုက်ကို လက်နဲ့တင်းတင်းပိုက်ရင်း ရိပေါ် မြေကြီးပေါ်မှာသာခွေခွေလေးလှဲနေမိတယ် ။
ဒီလို အနိုင်ကျင့်ခံရမှာဆိုးလို့ ကျောင်းလွှတ်တာနဲ့ ဂေဟာကိုပြေးပြန်လာပေမယ့် ဘယ်အချိန်ကတည်းကစောင့်နေမှန်းမသိတဲ့ လူဆိုးကောင်တွေက လူမရှိတဲ့လမ်းကြားထဲကို ဆွဲခေါ်ပြီးရိုက်နှတ်ကြတာပင် ။
ပိုက်ဆံရှိပြီး လုပ်ချင်ရာလုပ်နေကြတဲ့ ကောင်တွေကို ရိပေါ် မုန်းတယ် ။ ဒီဒဏ်တွေကနေ လွတ်အောင်လို့ ကျောင်းမတက်တော့ဘူးဟု... ပြောလိုက်ရင်လဲ တစ်ယောက်သောသူရဲ့ ဝမ်းနည်းနေတဲ့မျက်နှာကိုမမြင်ချင်ပြန် ။
တစ်ကိုယ်လုံး ထိုးခံရိုက်ခံထိထားတာကြောင့် ဘယ်နားကနာလို့နာမှန်းတောင်မသိတော့ပေ ။
ယောကျာ်းဆိုတာ မျက်ရည်မကျရဘူးလို့ ကိုယ့်စိတ်ကိုယ် တင်းရင်း တစ်ယောက်သောသူအလာကိုစောင့်နေမိတယ် ။ ရောက်လာရင် လာကြိုတာကိုမစောင့်ရကောင်းလားဆိုပြီး ဆူမယ့် သူ ။ ပြီးရင် ဂေဟာထိကုန်းပိုးပေးပြီး လမ်းတစ်လျှောက် တောင်းပန်ကြောင်း ၊ စောင့်ရှောက်ပေးမယ်ဆိုတဲ့အကြောင်း ငိုရင်းရှိုက်ရင်း ဗလုံးဗထွးအသံနဲ့ပြောမယ့် သူ....... ။
မှောင်စပြုလာတဲ့အချိန်ထိ မြေကြီးပေါ်မှာလှဲနေရင်း အအေးဒဏ်ကြောင့် သတိမလစ်သွားအောင်... တစ်ယောက်သောသူရဲ့နာမည်ကိုရွတ်ရင်း...တင်းခံနေမိတယ် ။
ထို့နောက် လမ်းကြားလေးထဲ ကလေးလို့ စိုးရိမ်တကြီးခေါ်သံနဲ့အတူ... သူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်မှု ။ သူစောင့်နေတဲ့လူ ရောက်လာလေပြီ ။
YOU ARE READING
One Shots [ YIZHAN]
FanfictionFull credit to photo. YIZHAN [1]Daisy [2]A Letter From Tokyo [3]My Sunshine [4] Yellow Ending Sad Ending: 2 Happy Ending: 2 Only Fanfiction. If you don't enjoy, I'm Sorry. Thanks You. Ta Ra For Now.