🤼‍3🤼‍

432 66 2
                                    

Unicode

' အဲ့ဖုန်းကလက်ထဲကချအုန်းမှာလား '

ဖုန်းကိုကိုင်ကာ တကြည့်ကြည့်လုပ်နေသည့် သူ့ကို ဂျဲနိုစိတ်မရှည်စွာ မေးလေပြီ ။

' ချပါတယ် '

' မင်းဟိုကောင်ဖုန်းကိုမျှော်နေတာမလား '

မဟုတ်ဘူးလို့တော့ သူမငြင်းချင်ပါ ။

တကယ်လည်း ဂျယ်မင်းဖုန်းကိုသူမျှော်နေခဲ့တာ ။

မျှော်မယ့်သာမျှော်နေမိတာပါ ။

တကယ်တော့ ဂျယ်မင်း သူ့ဆီဖုန်းခေါ်ဖို့ဆိုတာ ဟိုးအဝေးက လရောင်လိုပဲ ဖမ်းဆုတ်ဖို့ ဖြစ်မှမဖြစ်နိုင်တာ ။

အခုတောင် ၁၁နာရီထိုးနေပြီ ။

မခေါ်လောက်တော့ဘူးမလား ။

' ဂျဲနို မင်းဘောလုံးပွဲပြီးပြီလား '

' ခဏနားတာ ၊ ဒုတိယပိုင်းကျန်သေးတယ် '

' ဒါဆို ငါခဏအိပ်မယ် ၊ ဖုန်းလာရင်နှိုးနော် '

' သွားအိပ် '

' ငါဒီမှာပဲအိပ်မှာ '

Sofaပေါ်မှာ ခေါင်းအုံးလေးဖက်ကာ အိပ်နေတဲ့ ရမ်ဂျွန်းက ကလေးလေးလိုပင် ။

မင်းဒုက္ခကလည်း မသေးပါလား ဟွမ်ရမ်ဂျွန်း ။

Chwe_Chew_Chewing gum!

Nanaလို့မှတ်ထားသည့် ဖုန်းလေးက ရမ်ဂျွန်းဘေးမှာ မြည်လို့နေသည်မို့ လှမ်းကာသူယူလိုက်သည် ။

ရမ်ဂျွန်းသိပ်မျှော်နေတဲ့ဖုန်းလာချိန်က ည၁၂::၃၀ ။

နှိုးလိုက်ရင်ကောင်းမလားတွေးမိပေမယ့် ရမ်ဂျွန်းက အိပ်နေရာက နိုးလာရင် တစ်ညလုံးပြန်အိပ်တတ်သူမှမဟုတ်တာ ။

အိပ်ရေးပျက်ရင် နေမကောင်းကဖြစ်အုန်းမယ် ။

နှိူးရကောင်းမလား ။

ကိုင်ရကောင်းမလားနဲ့ ဗျာများနေရင်း ဖုန်းကကျသွားလေပြီ ။

လူလိုမသိတတ်တဲ့ ဟိုအကောင်ကိုပဲ ထိုင်ပြီးသာ ကျိန်စာတိုက်ပစ်လိုက်ချင်တော့သည် ။

Chew_Chew!

' ဟယ်လို '

' …………… '

Just A Bestfriend🤼Where stories live. Discover now