🤼‍5🤼‍

483 60 10
                                    

Unicode

" မင်းကြောင့် ဂျွန်းစိတ်ဆိုးသွားပြီ "

" ငါ့ကြောင့်မဟုတ်ဘူး ။ မင်းကြောင့် "

" မင်းငါ့ကိုကပျက်ယပျက်လုပ်လို့ "

" မင်းကတ်သီးကတ်သတ်နိုင်တာလည်း ထည့်ပြောအုန်း "

အပြင်မှာကြားနေရတဲ့ ငြင်းခုန်သံက အခုထက်ထိမရပ်သေး ။

ဘယ်အချိန်ကြမှပဲ ရပ်ကြမယ်မသိ ။

ခေါင်းကိုခါကာ ရေချိုးခန်းထဲသာ ဝင်လာခဲ့လိုက်တော့သည် ။

" ဒါကဘယ်လဲ "

" ဘယ်သွားသွားပေါ့ မင်းနဲ့ဆိုင်လား "

" မင်းရမ်ဂျွန်းနီးကို သွားချော့မလို့မလား ။ ငါသွားမယ် မင်းမသွားနဲ့ "

" မင်းကဆရာကြီးလား "

" ဆရာကြီးတော့ မဟုတ်ဘူး ယုံကြည်ရင် ကိုးကွယ်လို့တော့ရတယ် "

" လဲသေလိုက် "

အပြိုင်အဆိုင်ငြင်းခုံသံက အခန်းနားကပ်လာတာမို့ တံခါးကိုဆွဲဖွင့်လိုက်တော့ နှစ်ယောက်သား အခန်းထဲကို လဲပြိုလို့ကြလာသည် ။

" အဲ့ဒါက ဘာဖြစ်နေကြတာလဲ "

" အီဂျဲနိုဆိုတဲ့ကောင်ပေါ့ ငါမင်းဆီလာမလို့ကို အတင်းဆွဲထားတာ "

" မင်းအပိုမပြောနဲ့ နာဂျယ်မင်း ။ မင်းငါ့ကိုခြေထိုးခံတာမဟုတ်ဘူးလား "

" မင်းတို့ကလေးတွေလားကွာ ။ ကဲ ထ "

ဂျယ်မင်းကိုဆွဲထူဖို့ပြင်တော့ ဂျဲနိုက မျက်နှာမကောင်းချင် ။

ဂျဲနိုဘက်ကိုလှည့်ပြီး အရင်ဆွဲထူဖို့လုပ်ပြန်တော့လည်း ဂျယ်မင်းက လက်ကိုလွှတ်မပေး ။

ဒီကလေးကြီးနှစ်ကောင်နဲ့တော့ တကယ်ပါပဲ ။

လက်နှစ်ဖက်ကိုပြိုင်တူဆန့်တန်းကာ တစ်ယောက်တစ်ဖက်ဆီကမ်းပေးလိုက်တော့ လှမ်း၍ဆွဲကာ အားပြုထလေသည် ။

ကျွန်တော့်ထက် ခန္ဓာကိုယ်ရော အရွယ်အစားပါ ပိုကြီးပါသော အနှီကလေးကြီးနှစ်ယောက်၏ အလေးချိန်ကား မပေါ့ ။

အားတင်းကာဆွဲထူရင်း နောက်ဆုံး ကျွန်တော်ပါကြမ်းခင်းပေါ် ပက်လက်လှန်လဲလေပြီ ။

You've reached the end of published parts.

⏰ Last updated: Nov 27, 2020 ⏰

Add this story to your Library to get notified about new parts!

Just A Bestfriend🤼Where stories live. Discover now