Part (2)

119 18 2
                                    

(Zawgyi)

"ဝူးးးးးး What up bro... "

ဘားရဲ့အဝင်ပေါက်နေ အသံပေးကာ ဝင်လာတဲ့
ဆူဟိုနှင့် လူတစ်ယောက်ကို ဂယောင်ဆူး
လှမ်းကြည့်လိုက်ပြီးလက်မြှောက်ပြ၏။

ဆူဟို ဝက်အူချောင်းတွေကို အရက်ဖျော်နေတဲ့
ဘတ်ဂယောင်းဆီ ပေးလိုက်ပြီး ဂယောင်ဆူး
ဘေးသို့ ဝင်ထိုင်လိုက်၏။

"အိုင်းယား...ငါ့မှာလေ မင်းတို့ပြောလို့ မချိန်မှီလာ
လိုက်ရတာ..."

"ကုမ္ပဏီ ပိုင်ရှင်ကလည်း အရမ်းအလုပ်ရှုပ်နေတာပဲ။."

"ဂယောင်ဆူးရာ...မင်းငါ့ကိုအဲ့လိုခေါ်မနေပါနဲ့။
မသိရင်ရွဲ့နေတာကျနေတာပဲ။.."

"Hyungအကျီင်္လည်းပြန်ကြည့်ဦး။...ရုံး uniform နဲ့။.."

"ပြောပြီးပြီလေ...အလုပ်ကနေ ထ လာရတာပါဆို.."

ဆူဟို ဂယောင်းဆူးနှင့်စကားပြောအပြီး
မိမိလည်ကို ညစ်နေသလိုခံစားရသော နက်ကထိုင်
ကြောင့် အနည်းငယ် ဖြေလျော့ကာ ကြိုးကို ကျော
ဘက်သို့ပို့လိုက်၏။

ဆူဟိုဆိုသူသည် ဂယောင်ဆူးထက်
၎နှစ်ကြီး၏။ ဂယောင်ဆူး အထက်တန်း ပထမနှစ်တွင်
ဆူဟိုသည် နောက်ဆုံးနှစ်ပင်။
ထို့ကြောင့် ကျောင်းပြီးသဖြင့် တက္ကသိုလ် တက်ရမည်
ဖြစ်သော်လည်း မိသားစု၏အခြေအနေမှာ
အလွန်ကောင်းမွန်သဖြင် အိမ်တွင်ပင် စီးပွားရေမေဂျာအတွက် ပါမေက္ခကြီးများဖြင့်သင်ကြားကာ ဖခင်၏အရိုက်အရာကိုဆက်ခံခဲ့သောသားဖြစ်၏။သူငယ်ချင်းနှင့် မိသားစုအပေါ်အလွန်သည်းခံတတ်သူဖြစ်သော်လည်း ဒေါသထွက်လျှင် ထိန်းမရအောင် ဆိုး၏။
ရန်စလျှင်ပြန်ချတတ်သဖြင့် ခန္ဓာကိုယ်ဖြင့် မလိုက်
အောင် လက်ရဲလွန်းလှ၏။

"ဂယောင်ဆူးက...ခုထိကို အရပ်ရှည်မလာနိုင်သေးဘူး
ပဲ..."

မင်ဆော့၏စကားကြောင့် ဂယောင်ဆူးသည်
အရေးမလုပ်စွာ သောက်လက်စခွက်ကိုအရင်ချပြီးမှ

"အဲ့စကားကိုမင်းရဲ့ ယောကျာ်းတန်မဲ့ cute ဆန်လွန်း
နေတဲ့ မျက်နှာပျောက်မှ ဆက်ပြောမယ်။ok?"

"စိတ်ချည်းပဲ....အရင်တုန်းက ငါတို့ရဲ့ ငယ်ဆုံး
ဖြူ ဖြူ စင်စင်ကောင်လေးဘယ်ရောက်သွားတာပါလိမ့်။.."

Catch You (Zaw+Uni)Where stories live. Discover now