Part (3)

130 22 1
                                    


(Zawgyi)

"နာမည် - ဒိုဂယောင်ဆူး
အတန်း - အထက်တန်းနောက်ဆုံးနှစ်
မွေးနေ့က - ၂၀၀၀.၁.၁၂
အသက် - ၂၀
နေရပ်လိပ်စာက - ကျောင်းအဆောင် အခန်းနံပါတ် (၂၄)

သူ့အကြောင်းကတော့

အတန်းထဲမှာတစ်ယောက်တည်းနေတတ်တယ်။
တစ်ခါတစ်လေ စည်းကမ်းဖောက်ဖျက်တာရှိလို့
ဆရာတွေနဲ့စကားများတဲ့အထိရှိခဲ့ဖူးတယ်။
ရန်ခဏခဏဖြစ်လေ့ရှိတယ်။ မိသားစုအကြောင်း
ရှာမတွေ့ဘူး။ ဒါပေမယ့် မိသားစုလိုနေတဲ့ အကို(၄)
ယောက်ရှိတယ်။ အဆောင်ကြေးကို အကိုအကြီးဆုံး
ကပဲပေးတယ်လို့ပြောတယ်။ ကျောင်းစရိတ်တွေက
ကစ။.-"

"နေဦး နေဦး....ဒါပဲလား?.."

ဂျုံအင်က နှတ်ခမ်းကိုကိုက်ရင်းဖြင့် စားပွဲပေါ်တွင်
လက်တင်လျှက် လက်ညိုးထောင်ကာ မေးလိုက်၏။

"ဘာ..ကိုလဲမသိဘူး သခင်လေး.."

"မဟုတ်ဘူး။ ငါ့ကိုရန်လာရှာတဲ့ကောင်ဆိုတော့
အသိုင်းအဝိုင်းကြီးကများလားလို့။ ဒီအတိုင်း တစ်ကောင်ကြွက်သာသာပဲလား..."

သူကမျက်ခုံးပင့်ကာမေးလိုက်တော့bodyguardမှာ
စာရွက်ကိုအစအဆုံးအမြန်ကြည့်လိုက်ရင်း

"ဟုတ်တယ်..ဒါပါပဲ..."

Bodyguard က လေသံတည်တည်ဖြင့်ပြောတော့မှ ဂျုံအင်လည်း ခေါင်းတဆတ်ဆတ်
ညိမ့်ကာ

"..ကောင်းပြီ။ မနက်ဖြန် ကျောင်းသွားမယ်။ ပြီးတော့ သူ့အဆောင်ကဘာ..."

"ကျောင်းအဆောင် အခန်းနံပါတ် ၂၄ "

"အေး...အဲ့ဒီအဆောင်နဲ့မျက်နှာချင်းဆိုင် ဒါမှမဟုတ်
ဘေးချင်းကပ်လိုချင်တယ်..လူရှိလည်း ရအောင်လုပ်ပေး...အိုကေ..? "

လက်မနှင့်လက်ညိုးကိုကွေးအောင်လုပ်ပြရင်းမေးတော့
Bodyguard ကခေါင်းငြိမ့်ရင်း သူဌေးလေး ဂျုံအင်
ဲပြောသမျှကိုဆောင်ရွက်ရတော့၏။

ဂျုံအင်သည် အသက် (၂၀)နှစ်သာရှိသေးသော်လည်း
အလွန်ပင် ဥာဏ်ထက်ကာ အတ္တကြီး၏။
သူဌေးသားတစ်ဦးဖြစ်သည့်အပြင် ဖခင်ဖြစ်သူကလည်း လျို့ဝှက် အေဂျင့်စီကုမ္ပဏီ၏ ဦးစီးအုပ်ချုပ်သူ
စီအီးအို ဖြစ်သဖြင့် ငွေမှာရေလိုအသုံးအဖြုန်းနိုင်လွန်း
သော 'ကင်မ်' မိသားစုပင်ဖြစ်၏။

You've reached the end of published parts.

⏰ Last updated: May 13, 2020 ⏰

Add this story to your Library to get notified about new parts!

Catch You (Zaw+Uni)Where stories live. Discover now