"ရိပေါ် သားက ဟိုနေရာမှာထိုင်ရမယ်"
မူကြိုဆရာမလက်ညိုးထိုးတဲ့နေရာဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်ပြန်လှည့်ကာ မားမားဆီ ခေါင်းညွှန့်အရိုအသေပေးလိုက်တယ်။
"မားမား သားကောင်းကောင်းနေခဲ့ပါ့မယ်"
ရိပေါ်ရဲ့မားမားကတော့ ရိပေါ်ပါးလေးကိုနမ်းရှိုက်ကာ ကားပေါ်သို့တက်သွားသည်။
ရိပေါ်လဲ ဆရာမညွှန်ပြတဲ့နေရာဆီ သွားထိုင်လိုက်တော့
ဘေးနားက တအင့်အင့်နဲ့ငိုရိုက်သံကိုကြားလိုက်ရတယ်။
ခေါင်းစောင်းပြီးငဲ့ကြည့်လိုက်တော့ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်။
မျက်ဝန်းညိုညိုတွေမှာ မျက်ရည်တွေအပြည့်၊ မျက်ရည်တစ်ပေါက်ချင်းဆီက ပါးပေါ်ကိုလှိမ့်ကြနေတယ်။"ဟေးထုစစ် (黑兔子- ယုန်မဲ) မင်း ဘာလို့ငိုနေတာလဲ"
ရိပေါ်ရဲ့မေးသံကိုကြားမှပဲ ယုန်မဲလေးက တအီအီရိုက်နေရာမှ တဗြဲဗြဲနဲ့ထငိုတော့တယ်။
ရိပေါ်လဲ ရုတ်တရက်အသံပြဲကြီးနဲ့ ထငိုတဲ့ကောင်လေးကိုကြည့်ကာ အံအားသင့်ပြီးငေးနေမိတယ်။
ယုန်မဲလေးတစ်ယောက် ငိုနေရင်းကနေ အသံတွေပြာတက်လာမှ ရိပေါ်က ချော့ဖို့သတိရတော့တယ်။
ကွန်ပါဘူးထဲကနေ အသည်းပုံဂျယ်လီလေးကို လက်ထဲထည့်ပေးလိုက်ပြီး
"မငိုနဲ့ မငိုနဲ့ ဂျယ်လီစားနော် မငိုနဲ့"ပါးစပ်ကလဲပြောသလိုသူရဲ့လက်သေးသေးတုတ်တုတ်ကလေးတွေနဲ့ လည်း ယုန်မဲလေးရဲ့မျက်နှာပေါ်က မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်။
ငိုနေတဲ့သူက ပုံစံဆန်းဆန်းလေးနဲ့ဂျယ်လီဘူးလေးကသူ့လက်ထဲ ရောက်လာတော့ အံ့သြသွားပြီးအငိုတိတ်သွားတယ်။
ဂျယ်လီဘူးကို ချက်ချင်းဖောက်ကာ ပါးစပ်ထဲအမြန်ထည့်လိုက်ပြီး သွားအဖြဲသားနဲ့ဟီးဆိုပြီးရယ်ပြတယ်။"မင်း က ဂျယ်လီကြိုက်တယ်ပေါ့။ နောက်တစ်ခါကျရင်လဲ ငါယူလာပေးမယ်"