"မင်း နာမည် ဘယ်လိုခေါ်လဲ"အစည်းအဝေးခန်းမထဲ မျက်လုံးပေါင်းသောင်းခြောက်ထောင်က CEO နဲ့ စာရင်းကိုင်ဌာနက အလုပ်သင်လေး ဆီ စုပြုံနေတယ်။
သူတို့ ရဲ့ လုပ်ငန်းအတွေ့အကြုံအရ CEO က ခုလို လူတစ်ယောက်ကို စူးစူးနစ်နစ်ကြီး ကြည့်တာကိုမမြင်ဖူးသလောက်ရှားတယ်လေ။အလုပ်သင်လေးကတော့ မျက်ရည်တွေရစ်ဝိုင်းနေတဲ့ မျက်ဝန်းညိုကြီးတွေနဲ့ CEO ကို ပြန်ကြည့်နေတယ်။
"အားလုံး အခန်းအပြင်ကထွက်သွားကြ"
CEOရိပေါ် ရဲ့ စကားအဆုံး လူတိုင်းထထွက်တော့
အလုပ်သင်လေးကပါ လိုက်ထတယ်။
အလုပ်သင်လေးရဲ့ ပခုံးကို လက်နဲ့ဖိချလိုက်ပြီး"မင်းကို မေးနေတယ်လေ. နာမည်ဘယ်လိုခေါ်လဲ လို့"
"ကျွန်တော်နာမည်က ရှောင်းကျန့်ပါ။ စာရင်းကိုင်ဌာနမှာ အလုပ်သင်အနေနဲ့ တာဝန်ကျနေပါတယ်"
ရိပေါ်က သွားကိုက်ရာတတ်တူးလေးရှိတဲ့လက်လေးကို နာရီကြည့်သလို၊ ဆံပင်ခါသလို လုပ်ပြနေပေမယ့် ရှောင်းကျန့်ကတော့ ပြူးကြောင်ကြောင်လေးဖြင့်သာကြည့်နေတယ်။
"ယုန်မဲ ငါ မင်းရဲ့ငယ်သူငယ်ချင်း ရိပေါ်လေ မင်းငါ့ကိုမမှတ်မိဘူးလား၊ဒီမှာလေ မင်းကိုက်ခဲ့တဲ့သွားရာလေး"
နောက်ဆုံး စိတ်မရှည်တော့တဲ့ရိပေါ်က နှုတ်ဖျားကထွက်ပြီးမေးသောလဲ ရှောင်းကျန့်က ခေါင်းခါပြပြီး
"CEO ကို ကျွန်တော်အခုမှမြင်ဖူးတာပါ။ ပြီးတော့ ကျွန်တော့်မှာ ငယ်သူငယ်ချင်းဆိုတာလဲမရှိပါဘူး။
CEO ပြောစရာစကားမရှိဘူးဆိုရင် သွားခွင့်ပြုပါအုံး။
မှားတဲ့ငွေစာရင်းက ကျွန်တော်လုပ်ထားတာမို့ တစ်ခါတည်းအလုပ်ထွက်စာတင်ပါရစေ"ခေါင်းလေးညွှတ်ပြီး ရှောင်းကျန့်က လှည့်ထွက်သွားတော့
ရိပေါ်ကလှမ်းအော်တယ်။