-ချစ်ခြင်းမေတ္တာကိုမယုံကြည်ဘူး..အကွာအဝေးတွေကိုလည်းလက်မခံနိုင်ဘူး။
သူ့နူတ်ဖျားကနေအဲ့စကားထွက်လာတော့ ကျွန်မတအံ့တသြနဲ့ငေးမောကြည့်မိနေတယ်။ သူ့ဆံပင်တိုတိုကပ်ကပ်လေးတွေဟာ လေပြင်းရဲ့တိုက်ခတ်မူကိုတော်ရုံမမူဘူး။ မျက်မှန်အောက်က မျက်ဝန်းတွေကအနည်းငယ်အေးစက်စက်နိုင်တယ်။ သူ့နူတ်ခမ်းထူထူတွေက ဒီတစ်ခါမှာတော့တင်းတင်းစေ့လို့်နေတယ်။ကျွန်မသူ့ကို အကြောင်းမဲ့ငေးကြည့်နေရင်းမှာဘဲ သူခပ်မဲ့မဲ့ပြုံးလိုက်တယ်။ ပါးတစ်ဖက်မှာပေါ်လာတဲ့ ပါးချိုင့်လေးဟာ ကျွန်မတဘဝလုံးမြှုပ်နှံပစ်လိုက်ချင်တဲ့ နေရာလေးပေါ့။ အဲ့နောက်မှာတော့ Perfect သီချင်းသံတိုးတိုးလေးပျံ့လွင့်လာတော့တယ်။
သူ့ကိုစတွေ့ခဲ့တာတော့ သိပ်မဆန်းဘူး။ကျွန်မအလုပ်လုပ်နေတဲ့ဟိုတယ်က မြန်မာဝန်ထမ်းတွေကို Trainingပေးဖို့်သူ ရောက်လာခဲ့တယ်။ သူဌေးနဲ့ဝန်ထမ်းတွေ တွေ့ဆုံတဲ့ပထမဆုံး တွေ့ဆုံတဲ့အစည်းအဝေးမှာ ကျွန်မ ဘာသာပြန်အဖြစ်နဲ့ ဆောင်ရွက်ရတယ်။ ဝန်ထမ်းအချင်းချင်းအပြန်အလှန်မိတ်ဆက်ကြတော့ ခေါ်ရခက်တဲ့သူ့နာမည်ကို နှစ်ခါသုံးခါလောက်မေးမိရာကစပြီး သူ့ကိုစသတိထားမိသွားတယ်ထင်တာဘဲ။အချစ်ဆိုတာ မဖိတ်ခေါ်ဘဲ အလည်လာတတ်တဲ့ ဧည့်သည်တစ်ယောက်လိုဘဲ။ ကိုယ်မသိလိုက်တဲ့အချိန်လေးမှာဘဲ ကိုယ့်နှလုံးသားထဲ အတည်တကျနေရာယူပြီးသားဖြစ်သွားတာမျိုး။ တကယ်ကသူနဲ့ကDepartmentလည်း မတူတာမို့ စကားလည်းများများစားစားမပြောဖြစ်ဘူး။ သူမြန်မာငွေနဲ့ ဒေါ်လာ လာလဲတဲ့အချိန်လောက်ဘဲ ခဏတဖြုတ်စကားပြောဖြစ်တာ။ ဒါပေမယ့် သူ့ရဲ့ဝမ်းတထွာကိုအမှီပြုပြီးတော့ ကျွန်မနဲ့သူနဲ့ရင်းနှီးလာတော့တယ်။ခေါင်းမီးတောက်အောင်ရှာဖွေထားရတဲ့ မြန်မာပလာဇာအပေါ်ထပ်က သူတို့နိုင်ငံရိုးရာ စားသောက်ဆိုင်မှာ အားရပါးရစားနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မပြုံးမိတယ်။ လွန်ခဲ့တဲ့ရက်တွေက ခေါက်ဆွဲဘူးတွေ ဝယ်,ဝယ်လာတတ်တဲ့သူ့ကိုမြင်နေရတော့ သူရေခြားမြေခြားမှာ အစားအသောက်အဆင်မပြေတာကို သိနေတာကိုး။ ညှပ်ခေါက်ဆွဲပြုတ်ပူပူလောင်လောင်ကို ရူးခနဲ ရူးခနဲ စားနေတဲ့သူ့ကို ကျွန်မငေးကြည့်မိတော့ သူရှက်သွားတယ်ထင်ပါရဲ့။
ESTÁS LEYENDO
သံသရာတေကြ႔မွ
De TodoUNICODE VERSION: ဒီသံသရာမှာ သူငြီးငွေ့လာပြီဆိုရင်တော့ဖြင့် ကျွန်မက သူနဲ့အတူတူ သံသရာတစ်ဖက်ကမ်းထိ ကူးခတ်သွားချင်ပါသေးတယ်။ ZAWGYI VERSION: ဒီသံသရာမှာ သူငြီးငွေ့လာပြီဆိုရင်တော့ဖြင့် ကျွန်မက သူနဲ့အတူတူ သံသရာတစ်ဖက်ကမ်းထိ ကူးခတ်သွားချင်ပါသေးတယ်။