Dear Haruo

29 8 2
                                    

"Haruo ​ရေ ထ​တော့ မျက်​နှာသစ်​"
ငါမင်းကြိုက်​တဲ့ အန်​တီYuri တို့ခြံထွက်​ ​ကော်​ဖီ​လေးနှပ်​ထား​ပေးမယ်​ "

Ena ကပြုံးပြီးတစ်​​ယောက်​တည်း​ပြော​နေ​ပေမယ့်​ တုံ့ပြန်​သံမကြား

"ဒီ​နေ့ ​နေသာတယ်​​နော်​ အန်​တီ​Mayတို့ အခင်းမှာ မင်းကြိုက်​တတ်​တဲ့ Daisy ပန်း​တွေပွင့်​​နေပြီတဲ့ Haruo ​ရေ
နံနက်​စာစားပြီးတာနဲ့​လေ ငါတို့စက်​ဘီးစီးရင်း သွားကြည့်​တာ​ပေါ့ အရမ်းလှ​နေမှာပဲ​နော်​ Haruo "

သူ​ပြောသမျှပြန်​​ဖြေခြင်းမရှိ​သော်​လည်း ဇွဲရှိရှိနှင့်​ တစ်​​ယောက်​တည်း​ပြော​နေ​သော Ena ကိုသူ့မိခင်​Sara က ​မျက်​ရည်​ဝဲစွာဖြင့်​ ​ချောင်းကြည့်​​နေသည်​...

ထို့​နောက်​အတတ်​နိုင်​ဆုံးပြုံးရင်း
" Ena ​ရေ ​ဒေါက်​တာလာပြီ ​ဆေးစစ်​ရ​အောင်​​နော်​"

"​မေ​မေ ကလည်းEnaက ဒီ​နေ့ Haruo နဲ့ တူတူ
အန်​တီMay တို့ခြံက Daisy ပန်း​တွေသွားကြည့်​မလို့ကို ​နောက်​ကျ​နေမှာ​ပေါ့ "

ဒေါက်​တာKia ကEna ကိုပြုံးကြည့်​ရင်း
" Ena ​ဆေးမစစ်​ဘူးဆို Haruo က စိတ်​ဆိုးမှာတဲ့
Haruo ကိုစိတ်​ဆိုး​စေချင်​တာလား "

"Ena ​ဆေးစစ်​ရင်​Haruo စိတ်​မဆိုး​တော့ဘူး​ပေါ့​နော်​ ​ဒေါက်​တာ "

"ဒါ​ပေါ့ Ena လိ​မ်​မာရင်​ Haruo ကချစ်​မှာ​ပေါ့ "

"ဟုတ်​ပြီ Ena ကုတင်​​ပေါ်လှဲလိုက်​မယ်​​နော်​ ​သေချာ​လေးစစ်​​ပေး ဒါမှ Haruo က Ena ကိုချစ်​မှာ "

ဒေါက်​တာလည်း လိုအပ်​သည်​များကိုကုသ​ပေးရင်း Sara မှ ဧည့်​ခန်းတွင်​စကား​ပြောရန်​ ​ခေါ်သဖြင့်​ လိုက်​သွား​လေသည်

"​ဒေါက်​တာ သား​လေးအ​ခြေအ​နေ ဘယ်​လိုရှိသလဲ အရင်​သထက်​ တိုးတက်​လာလား "

"Ena ရဲ့အ​ခြေအ​နေက ​ပြောရခက်​တယ်​ အန်​တီ လက်​မခံနိုင်​တဲ့အ​ခြေအ​နေ ကိုကြုံ​တွေ့ရတာ​ကြောင့်​​ရော အရမ်းချစ်​တဲ့သူကို ဆုံးရှုံးလိုက်​ရတာ​ကြောင့်​​ရော နာကျင်​ရတာများပြီး အဲ့ဒီနာကျင်​မှုဒဏ်​ကိုမခံနိုင်​လို့ လွတ်​​မြောက်​နိုင်​တဲ့ ကိုယ်​ပိုင်​​နေရာ​လေး ဖြစ်​ဖြစ်​ ဖန်​တီးပြီး ခဏ​ရှောင်​ထွက်​တဲ့သ​ဘောပါ အချိန်​တန်​ရင်​ မဆင်​​ပြေဖို့​မျှော်​လင့်​ရတာပါပဲ "

Sara မျက်​ရည်​များကျဆင်းလာပြီး
" Ena ကအဲ့က​လေးကို သိပ်​ချစ်​ခဲ့တာ ဆရာရယ်
အဲ့က​လေးခုလို ဖြစ်​သွား​တော့ သူဘယ်​​လောက်​ခံစားရမလဲ ကျွန်​မသား​လေး "

"စိတ်​​အေး​အေးထားပါ အန်​တီ  Ena ကသန်​မာတဲ့
က​လေးပါ သူဒီအ​ခြေအ​နေကို​ကျော်​လွှားနိုင်​မှာပါ "

"​ဒေါက်​တာ​ပြောသလို​မျှော်​လင့်​ရတာပါပဲ ရှင်​"
"ကျွန်​​တော်​ပြန်​လိုက်​ဦးမယ်​ အန်​တီ Ean ကို​ဆေးပုံမှန်​တိုက်​ပါ "
"ဟုတ်​ကဲ့ ​ကျေးဇူးပါ ​ဒေါက်​တာ "

"Haruo ​ရေ မင်းသိလား ဒီလို​နွေရာသီ မှာပဲ မင်းနဲ့ငါစ​တွေ့ခဲ့ကြတာ​လေ "

ပြောရင်း Ena မျက်​ရည်​များကျလာသည်
"ဟင့်​...မင်းကွာHaruo ဘာလို့သိပ်​ရက်​စက်​ရတာလဲ
ဟင့်​...ဟင့်​..ငါကမင်းကိုသိပ်​ချစ်​တာ"

ရှိုက်​ငိုရင်း အသိဝင်​တစ်​ချက်​ ​မေ့တစ်​ချက်​နှင့်​ Ena လဲကျသွားခဲ့သည်

"Ena သား​လေး ဘာဖြစ်​တာလဲ သတိရပါ​တော့ သား​လေး...သား​လေး.."

"​ဒေါက်​တာ သား​လေးဘယ်​လို​နေ​သေးလဲ "
"​သွေးအားနည်းရုံ​လေးပါ အန်​တီ အာဟာရ ရှိတာ​တွေ​ကျွေး​ပေးပါ ညဘက်​​တွေ​စော​စောအိပ်​ခိုင်း"

"​ဒေါက်​တာ Haruo က Ena ​ဘေးမှာအခုရှိ​နေတယ်
သူ Ena ကိုကြည့်​​နေတယ်​ ​ဒေါက်​တာ "
Ena က ​ဖျော့​တော့စွာပြုံးပြီး​ပြော​တော့
" ဟုတ်​တာ​ပေါ့ Haruo က Ena အနားမှာအမြဲရှိတယ်
ဒီ​နေ့​တော့ အန်​တီMay ဆီမသွားဘဲ Haruo နဲ့ အိမ်​မှာ အနားယူလိုက်​​နော်​"

"ဟုတ်​ကဲ့​ဒေါက်​တာ "

"Haruo ​ရေဒီ​နေ့​တော့​လေ ဘယ်​မှမသွားဘဲ မင်းကြိုက်​တဲ့ အရာ​လေး​တွေလုပ်​ပြီး အိမ်​မှာ​နေကြမယ်​​လေ"

တဖက်​ကပြန်​​ဖြေသံမကြား​သော်​လည်း Ena က​တော့​ကျေနပ်​ပြုံး​ပျော်​စွာဖြင့်​ သီချင်းညည်း​နေ​လေသည်​...

........................................................................

Haruo က အန်​တီYuriတို့စိုက်​ခင်းထဲက​ကော်​ဖီကို
နှပ်​​သောက်​ရတာကြိုက်​တယ် အန်​တီMay တို့စိုက်​ခင်း
ထဲက Daisyပန်း​တွေ​ခြေ​ထောက်​ဆန့်​ပြီးကြည့်​ရတာကို
ကြိုက်​တယ်​ကာကီ​ရောင်​လက်​ရှည်​ဝတ်​ရတာကိုလည်း
ကြိုက်​တယ်​ Haruo က Ena ကိုကကလွဲရင်
အဲ့ဒီအရာ​တွေအားလုံးကိုသ​ဘောကျပါတယ်​တဲ့ 


အပိုင်း၁ ကစပြီး​နောက်​​ကြောင်းပြန်​တာပါ










Dear HaruoWhere stories live. Discover now