3

12 4 0
                                    

အမှတ်​တမဲ့​တွေက​နေ အမှတ်​တရ​တွေဖြစ်​လာခဲ့ကြတာတဲ့
Haruo​ရေ ဒါဆို မင်းနဲ့ငါ့ကြားအမှတ်​တရ​တွေ ​တော်​​တော်
များခဲ့မှာ​နော်​ ~~~~~~~

______________________________________

Ena တစ်​​ယောက်​Haruo နှင့်​ခင်​မင်​လာခဲ့သည်​မှာ ရက်​အနည်းငယ်​ပင်​ကြာမြင့်​​နေပြီဖြစ်​သည်​။ခင်​မင်​သည်​ ဟု ဆို​သော်​လည်း သူ့ဘက်​ကသာတွယ်​ကပ်​​နေရခြင်း ဟိုအ​ချေ​ကောင်​ကဖြင့်​ သိပ်​အဖက်​မလုပ်​။

"သား ဘာလုပ်​​နေတာလဲ? "

"အာ..​မေ​မေ ​ကော်​ဖီနှပ်​​နေတာ 
ဟို​ကောင်​ကို သွား​ပေးမလို့​လေ~~~"

"သူ့ကိုအရမ်းခင်​တာပဲလား သားရယ်​ ဟိုကဖြင့်​သားကိုသိပ်​ခင်​ပုံမရပါဘူး "

"​မေ​မေမသိလို့ပါ သူလည်းသားကို ခင်​ပါတယ်​ "

"​အေးပါသားရယ်​ မနက်​ဖြန်​ကျရင်​ ​ဖေ​ဖေက မြို့​ပေါ်သွားပြီးသားအတွက်​ စာအုပ်​သွားဝယ်​မှာတဲ့ လိုတာရှိရင်
ဖေ​ဖေ့ကို တခါတည်းမှာလိုက်​​နော်​"

"ဟုတ်​ ​မေ​မေ သားသွားလိုက်​ဦးမယ်​ "

ရေ​နွေးဓာတ်​ဘူးထဲသို့ ​ကော်​ဖီထည့်​လိုက်​ပြီး Ena ​ဘေးအိမ်​သို့ ထွက်​ခဲ့သည်​။ ခြံထဲတွင်​ စာဖတ်​​နေ​သော Haruo ကို​တွေ့သည်​။ ရှပ်​အင်္ကျီ ကာကီ​ရောင်​နှင့်​ သူက ကြည့်​လို့သိပ်​​ကောင်းတာ Ena ဝန်​ခံရမည်​။ ​ငေးကြည့်​ရင်းနဲ့ ရင်​​တွေခုန်​လာပြန်​ပြီ။

" နှလုံး​လေးရယ်​ နင်​မခုန်​ပါနဲ့​တော့ဟယ်​~~
နင်​ရပ်​လိုက်​ပါ​တော့ဟယ်​ ရပ်​လိုက်​ပါ​တော့ဟယ်​...."

ရင်​ဘတ်​​လေးကိုအသာဖိရင်း
"Haruo ​ရေ ငါလာတယ်​ .."

"Haruo တံခါးဖွင့်​​ပေးဦးလို့~~"

အ​ချေ​ကောင်​က မျက်​နှာ​သေကြီးနှင့်​​တံခါးလာဖွင့်​​ပေးရှာသည်​။

"ဘာလာလုပ်​ရပြန်​တာလဲ"

"မင်းကလည်း ငါတို့ကသူငယ်​ချင်း​တွေ​လေ လာလို့မရဘူးလား....အိမ်​ထဲ​ခေါ်ပါဦးလားငါ့ကို"

"လာခဲ့ "
Ena တစ်​​ယောက်​ပြုံးဖြီးကာ Haruo ​နောက်​မှလိုက်​လာခဲ့သည်​။

Dear HaruoWhere stories live. Discover now