အကယ်၍ ... အချစ်ရှိခဲ့လျှင်

8.3K 428 40
                                    

အကယ်၍ ... အချစ်ရှိခဲ့လျှင်

~ချွင်~ ဆိုသောအသံလေးကြောင့် တံခါးဖွင့်ကာ ဆိုင်ထဲသို့ ဧည့်သည်ဝင်လာမှန်း ဝမ်ရိပေါ်သိလိုက်ပြီ။ ငယ်စဉ်ကတည်းက ကိတ်မုန့်ဖုတ်တာ၊ ကော်ဖီဖျော်ရတာ ဝါသနာပါသူမို့ ကျောင်းပြီးတော့ တခြားထွေထွေထူးထူးလုပ်ဖို့မစဉ်းစားပဲ ဒီကော်ဖီဆိုင်လေးဖွင့်ခဲ့တာပင်။

သာမာန်မိသားစုက ဆင်းသက်လာတဲ့ ကျွန်တော်က မိဘနှစ်ပါးကွာရှင်းပြတ်ဆဲကြပြီး မိဘနှစ်ပါးလုံးကနောက်အိမ်ထောင်ပြုလိုက်ကြတာမို့ ဘယ်သူနဲ့မှလိုက်မနေပဲ အမွေတောင်းကာ အိမ်ပေါ်ကဆင်းလာခဲ့တာပင်။ ဒီကော်ဖီဆိုင်လေးရဲ့အပေါ်ထပ်က ကျွန်တော်ရဲ့တစ်ဦးတည်းပိုင် အိမ်ခန်းလေးဖြစ်ပြီး အောက်ထပ်မှာတော့ ကျွန်တာ့်ရဲ့ဆိုင်လေး။

ဒီဆိုင်ခပ်သေးသေးလေးမှာကျွန်တော်ရယ် ကျွန်တော့်ဝန်ထမ်း ယွီပင်းရယ်၊ ဖန်ရှင်းရယ် ၃ ယောက်ပဲရှိသည်။ ယွီပင်းကတော့ လက်တိုလက်တောင်း စားပွဲထိုး အစုံရသည်။ ဖန်ရှင်းကတော့ ကိတ်မုန့်ဖုတ်တာနဲ့ အဖျော်ဆရာအနေနဲ့ ကျွန်တော့်ကိုကူလုပ်ပေးသည်။ ဘဏ်ထဲမှာစုထားတဲ့ပိုက်ဆံအချို့ကရတဲ့အတိုးတွေရယ်
ကော်ဖီဆိုင်လေးကရတဲ့ဝင်ငွေရယ်၊ ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းသွားဖို့ ကျွန်တော်စဉ်းစားထားခဲ့သည်။

ရှောင်းကျန့် - မောနင်း ရိပေါ်

အသံကြောင့် မော့မကြည့်လဲ ဒါဟာ ရှောင်းကျန့်ဆိုတာသိနေပြီ။ ဆိုင်ကကလေး၂ယောက်က သူ့ကို ကျန့်ကော ကျန့်ကောနဲ့ခေါ်နေကြတာကြားပေမယ့် ကျွန်တော်ကတော့မခေါ်နိုင်ပေါင်။ ကိုယ့်ထက်ပိုကြီးတယ်ဆိုပေမယ့် ကိုယ့်အကိုမှမဟုတ်တာ ကောလို့မခေါ်နိုင်ပါဘူး။ ရှောင်းကျန့်ပဲ။

ရိပေါ် - ခင်ဗျားကိုမေးပါအုံးမယ် ရှောင်းကျန့် ခင်ဗျားနေ့တိုင်း ဒီမှာကော်ဖီလာသောက်ရတာ မပျင်းဘူးလား ခင်ဗျား ကော်ဖီတော်တော်ကြိုက်တာလား

ရှောင်းကျန့် - ဟင့်အင်း ကော်ဖီဖျော်တဲ့မင်းကိုပိုကြိုက်တာ

ရိပေါ် - ဘာပြောတယ် ခင်ဗျားက ကျွန်တော့်ကိုကြိုက်တယ် ဟုတ်လား

အကယ်၍ ... အချစ်ရှိခဲ့လျှင် (If there is love)Donde viven las historias. Descúbrelo ahora