Ep-7 ❄️❄️

157 18 0
                                    

Ep-7

ဝမ်လေးဝမ်ကို ကျောင်းဆေးခန်းထဲမှာ
ဆေးထည့်ပေးပြီးသွားတော့ သူတို့လွယ်အိတ်
‌တွေသွားယူနေတာမို့ ရှောင်းကျန့် တစ်ယောက် ကျောင်းပေါက်ဝ မှာ ၀မ်ရီပေါ်ကို ရပ်စောင့် နေလိုက်တယ် ၁၀ မိနစ်လောက်ကြာတော့
ဝမ်ရီပေါ်တစ်ယောက် လွယ်အိတ်ကို
တစ်ဖက်လွယ်လွယ်ကာ အပြေးသော့လာ
တယ်

"ဖြည်းဖြည်းလာပါ မင်းနောက်ကို ကျားလိုက်
ဆွဲနေတာလဲ မဟုတ်ဘူး"

"ကောစောင့်နေရတာ ကြာမှာစိုးလို့ပါ"

"စောင့်ရတာက အ့လောက်ထိ ကိစ္စ မရှိပါဘူး
မင်းဒဏ်ရာက မပျောက်သေးဘူး အခုထပ်ပြီး
ဒဏ်ရာ ထပ်ရနေမှ"

"ဒဏ်ရာ ရမှာ စိတ်ပူလို့လား"

"မပူပါဘူး ပူစရာလား"

"အယ် ပူရင် ပူတယ်ပေါ့"

"မပူပါဘူးဆိုကာ ပြန်မယ် လာ"

"အယ် ရှက်သွားပြီ"

"ဘောကိုရှက် စောက်စကားကိုများတယ်
မြန်မြန်လာကွာ"

"🤣🤣 ဟုတ်ပါပြီ လာပါပြီကွာ"

"ခွေးသား"

*တကယ်ပြောနေတာ ကျန့်ကော ရှက်တာ
လေးက ချစ်စရာလေးနော် *

........
Ring....ring....ring

"ဝေ့ ရှစ်ရွှင်း"

"ရှောင်ကျန့် မင်းအခုဘယ်ရောက်နေပြီလဲ"

"ကားမှတ်တိုင်မှာ"

"အတော်ပဲ ငါဒီနေ့ ညစာအတွက် ဘာမှ
မ၀ယ်ခဲ့လို့ မင်းဝယ်လာခဲ့ပါလား"

"အင်းအင်း ၀ယ်လာခဲ့ပေးမယ် "

"အင်း ဖုန်းချလိုက်တော့မယ်နော်"

......
ရှစ်ရွှင်း နဲ့ ဖုန်းပြောပြီးတော့

"ရီပေါ် မင်းအရင်ပြန်ရင် ပြန်နှင့်လိုက်
ငါ Mall ထဲဝင်လိုက်အုံးမယ်"

"ကျွန်တော်လည်း လိုက်ခဲ့မယ်လေ"

"မလိုက်ပါနဲ့ မင်းအကို စိတ်ပူနေအုံးမယ်"

"Hyung ကိုက ပြောလိုက်လို့ရတယ်
လုပ်ပါနော်....လိုက်ခဲ့မယ်နော်...နော်"

Mall ကို လိုက်ချင်လို့ တာဆူ နေတဲ့
ရီပေါ်က ချစ်ချင်စရာအတိ
အသည်းယားလာတာနဲ့ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်တော့ ကြောင်‌ကြည့်လာတယ် ကိုယ့်ဘာကိုယ်လည်း သတိမထားဘဲ
လုပ်လိုက်မိတဲ့အတွက် လက်ကို ပြန်ရုတ်ကာ
ဝမ်ရီပေါ်ကို မျက်နှာချင်း မဆိုင်ဘဲ

𝚃𝚑𝚎 𝙵𝚒𝚛𝚜𝚝 𝚂𝚗𝚘𝚠Where stories live. Discover now