ရှောင်းကျန့် တစ်ယောက် ဝမ်ရိပေါ် ရဲ့
တခြမ်းရွဲ့အပြုံးကြီးကို တွေ့ ပြီး
ကြက်သီးပင် ထလာသည်
ဒီအပြုံးကြီးရဲ့ အနောက်မှာ တစ်ခုခု
တော့ရှိမှာ အသေအချာပင်
သိုပေတည့် ရှောင်းကျန့်လည်း
ဝမ်ရီပေါ်ကို လျှစ်လျူရှုလိုက်ပြီး
Roll call ကောက်ရန်ပြင်လိုက်သည်RC ကောက်ပြီးတာနဲ့ ကျောင်းသူ
ကျောင်းသားတွေ နဲ့ ရင်းနှီးသွားအောင်
စကားဖောင်ဖွဲ့နေလိုက်သည်
နောက်တစ်ချိန် သင်မဲ့ ဆရာရောက်လာ
မယ့် အချိန်ထိ စကားထိုင်ပြောနေလိုက်
တာ တော်တော်လည်း မောသွားချေပြီ
အကုန်လုံးကို နှုတ်ဆက်ပြီးတော့
အတန်းပြင်ကို ပြန်ထွက်လာလိုက်သည်ဝမ်ရီပေါ် ကတော့ တစ်ခြမ်းရွဲ့အပြုံးကြီး
ပြုံးထားဆဲပင် ရှောင်းကျန့်သူ့အစား
ပါးစပ်တောင် ရွဲ့ချင်သွားတယ်.....
နေ့ လည်စာ စားချိန်ရောက်တော့
ရီပေါ်တို့ အဖွဲ့ Canteen ဘက်ကို
ထွက်လာလိုက်တယ် တစ်နေရာမှာ
တိုးလို့မရအောင်ပင်
ကြိတ်ကြိတ်တိုးနေလို့ နဂိုစပ်စုတတ်တဲ့
အခံလေးပါနေတဲ့ ၀မ်လျဲ့က သူ့အရပ်
ခြောက်ပေကျော်ကိုမှ ထပ်ပြီး ခြေဖျား
ထောက်ကြည့်လိုက်တယ်"သြော် ဒါကြောင့်ကိုး"
ဟောက်ရွှမ်း - ဘာဖြစ်လို့လဲ
ဝမ်လျဲ့ - ဟိုမှာ ရှောင်းလောင်ဆစ် နား
ဝိုင်းအုံနေကြတာရီပေါ် - ဘာကြီး
ဝမ်ချောင် - ရီပေါ်မင်းနားမကောင်းတော့ဘူးလား
ရီပေါ် - စောနကဟာ ပြန်ပြောစမ်းပါ
ဝမ်လျဲ့ - သြော် ဟိုမှာလို့ ဆရာရှောင်းနားဝိုင်းအုံနေကြတာလို့
ရီပေါ် - သူတို့က ကျန့်ကော နားမှာ
ဘာလုပ်နေကြတာလဲဝမ်လျဲ့ - ဒါတော့ ငါဘယ်လိုသိမှာလဲ
မင်းသွားမေးပါလားရီပေါ် - အသုံးကျမကျဘူး
ဟောက်ရွှမ်း - အံ့ဩပါရဲ့ သူကိုယ်တိုင်ဖြင့်
စောက်သုံးကျအောင်မလုပ်ဘဲဝမ်ချောင် - Speechless ပဲ
ဝမ်လျဲ့ - ဘော စားလိုက်