8. Bang Shihyuk 💜

2.5K 401 195
                                    

Bang Shihyuk ကို သား ၇ ယောက်ကြောင့် မျက်နှာချိုသွေးသောအားဖြင့် အဖေ တော်ထားသူများ အတွက် တသက်တာ ဟောစတမ်း။

ပိုက်ဆံရှိမှန်းမသိ ရှိမှန်းမသိ အချိန်ပြည့် Official ပစ္စည်းများ ထုတ်ဝေရောင်းချနေသော Bang ဖခမည်းတော်အား "ဗိုက်ပူကြီး၊ ငွေညှစ်ထုတ်စက်ကြီး ဘာညာ သာဓကာ" တတွတ်တွတ်ဖြင့် ရေရွတ်ရင်း သင်မကြာခဏ ပြစ်တင် ပြောဆိုနေပေလိမ့်မည်။

သို့လင့်ကစား ဘယ်က ဘတ်လာမှန်းမသိသော ဘတ်ငွေများဖြင့်လဲ ဘာပစ္စည်းထုတ်ထုတ် ရှေ့ဆုံးက ၀ယ်နေသူမှာ အသင် ARMY သာ ဖြစ်နေပေဦးမည်။

ထို့အတွက်ကြောင့် အမေ့အိတ်ထံမှ ဘတ်ရခြင်း ကင်းဝေးကာ ကံ၏ အထောက်အပံ့ရပြီး အဆင်ပြေ ကောင်း ပြေနိုင်စေရန် အောက်ပါ နည်းလမ်းအတိုင်း စမ်းသပ်ကြည့်ပါလေ။

"Official ပစ္စည်းများ ခဏခဏ ထုတ်ပီး ရောင်းတဲ့
သား၇ယောက်ရဲ့ ချစ်ဖေဖေ
ယောက်ခထီး တော်ပါရစေ။
ဒီက ချွေးမ အလှပကေး
မွဲနေတာလေးတော့ သည်းခံပေး"

ထိုကဲ့သို့ ရေးပီး Bighit Entertainment သို့ (၅၂၈) ကြိမ်မြောက်တိတိစာပို့ပါ။

ကံကောင်းလျှင် ယောက်ခထီးထံမှ သနားသွားပြီး Official ပစ္စည်းများ လက်ဆောင်ပေးခံနိုင်ရ ယုံသာမက ကံအလွန်အလွန် မြင့်တက်နေပါက သား၇ ယောက်ထဲမှ တယောက်ယောက်ဖြင့် ထိမ်းမြှားလက်ထပ်ပေးခြင်းလဲ ကြုံရအံ့။

ကံဆိုးလျှင်တော့ နှောက်ယှက်နေသူ Sasaeng Fan ဟု ယူဆကာ သတိပေးခံရယုံသာမက ကံအလွန်အလွန် ဆိုးနေလျှင်ဖြင့် Bighit ထံမှ Go to the Jail ဟု တချက်လွှတ်အမိန့်နှင့်အတူ ပဲထမင်း နှင့် ငပိကြော် စားရအံ့။

အင်းစိန်ထောင်သို့ ပျော်ပျော်ပါးပါးသွားမလား (သို့မဟုတ်) Korea ထောင်သို့ပင် စိတ်ဝင်တအား အလည် အပတ်သွားချင်လား သင်ကြိုက်ရာရွေးချယ်ပါ။

အကောင်းအဆိုးဟူသည်မှာ သင်၏ ကံပေါ်မူတည်နေသည်သာဖြစ်၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရွပ်ရွပ်ချွံချွံဖြင့် ကံကိုယုံပြီး ဆူးပုံသာနင်းလိုက်ပါတော့ ။

ဆူး ဆူးလျှင်ဆူး၊ မဆူးလျှင်တော့ ရူးသွားပါလိမ့်မည်။ (အဲလေ ဟုတ်ပါဘူး ) ကံထူးသွားပါလိမ့်မည်။

ဟာသဗေဒင် [Completed]Where stories live. Discover now