26

30.7K 3.4K 171
                                    

Zawgyi

ရိပေါ်တို့အိမ် ဧည့်ခန်းမှာ ချိတ်ထားတဲ့ဓါတ်ပုံတစ်ပုံတိုးလာတယ်။ ပုံထဲမှာ ဘွဲ့ဝတ်စုံလေးနဲ့ရိပေါ်က  ဒိုင်နိုဆောအနီကောင်ဝတုတ်အရုပ်လေးကိုကိုင်ထားပြီး အပြုံးအကြီးကြီးနဲ့ အရမ်းပျော်နေပုံရတယ်။ခက်တာက ကင်မရာကိုကြည့်မနေတာတစ်ခုပဲ..။

ဝမ်ရိပေါ်ကိုပြုံးစေချင်ရင် ကင်မရာတည့်တည့်ကြည့်တဲ့ပုံမရဘူး ။ ရှောင်းကျန့်ရှိရာအရပ်မှာပဲအပြုံးတွေဝေတာမို့..

ရိပေါ် ပြင်ဆင်ပြီး ဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်ရင်း ဓါတ်ပုံလေးကို စိုက်ကြည့်နေတဲ့ ဘဲကြီးကို အဆင်သင့်တွေ့ရတယ်။

"အာာ..ရောက်နေတာကြာပြီလား လှမ်းခေါ်ရောပေါ့"

"သိပ်မကြာသေးဘူး..ခွေးပေါက်လေးအလှပြင်တာပျက်မှာစိုးလို့မခေါ်တာလေ"

"ဘာပြင်ရမှာလဲ.. မပြင်ပါဘူး ကျနော်က အသက်ငယ်သေးတော့ ချောပြီးသား ဘာမှပြင်စရာကိုမလိုတာ..နေပါဦး ခင်ဗျားက ဘာလို့အဲ့လောက်လှချင်နေရတာလဲ..မင်္ဂလာဆောင်သွားတာအဲ့လောက်လိုလား ပွဲအကြီးကြီးလဲမဟုတ်ပါပဲ..ဘာလဲ ခင်ဗျားက ကောင်မလေးတွေရှေ့ အလှပြချင်နေတာလား..ဟမ်!!"

"ကိုယ့်အစ်ကိုရဲ့ ယောက်ဖ မင်္ဂလာဆောင်လေ အဲ့လောက်တော့ပြင်မှာပေါ့.. ကိုယ်ကအိုပြီဆို မင်းပဲပြောပြီး.."

"ခင်ဗျားနော် ဘဲကြီးး!! ကိုယ်ချောတာ ကိုယ်သိတယ်မို့လား နောက်အဲ့လောက်မပြင်နဲ့ အမြင်ကပ်ဖို့ကောင်းတယ်"

"အူတိုနေတာလား ခွေးပေါက်လေးက"

"ဘာမှတိုစရာမရှိဘူး သွားမယ် ဘာလုပ်နေတာလဲ!!!"

ရှက်ရမ်းရမ်းကာဆောင့်အောင့်ပြီးထွက်သွားတဲ့ရိပေါ်က ရှောင်းကျန့်ကားတံခါးဖွင့်ပေးတာကိုတော့ ဖုန်ခါသလို ဆံပင်သပ်သလိုနဲ့လုပ်ပြီး ရပ်စောင့်နေပါသေးတယ်။
-
-
ရှောင်းအိမ်ရဲ့ ခြံဝန်းကျယ်ထဲမှာပဲ အသိမိတ်ဆွေအနည်းငယ်လောက်နဲ့ကျင်းပတဲ့မင်္ဂလာပွဲလေးက မခမ်းနားပေမယ့် သတို့သားနှစ်ယောက်ထဲက တစ်ယောက်က ပြုံးနေတာ ပါးစပ်နားရွက်ချိတ်တော့မလိုပဲ။

7 thingsWhere stories live. Discover now