14

32.2K 3.5K 407
                                    

Zawgyi

ဒီရက်ပိုင်းမှာ ခါတိုင်းထက်ပိုပြီး စိတ်ဆတ်နေတဲ့ ဝမ်ကောင်လေးကို ဝမ်တစ်အိမ်လုံးက သတိအနေအထားနဲ့ဆက်ဆံနေကြတယ်။ မသိရင်အချိန်မရွေး ပေါက်ကွဲသွားတော့မယ့် ဗုံးတစ်လုံးလိုပဲ။

အိမ်ပေါ်က အိမ်အောက်ဆင်းခဲ့ဖို့ပြောတာတောင် စိတ်ဆိုးနေတဲ့ရိပေါ်ဟာ ဘာကိုမှအလိုမကျပဲ စူပုတ်နေပြန်တယ်။ မနေ့ကလဲ ဟောက်ရွှမ်းက ရိပေါ်ဆိုင်ကယ်ပေါ်ကမဆင်းပဲ နေနေလို့ ဝမ်ကြီး ဆင်းလေ လို့ပြောတာကို အဲ့လိုမပြောနဲ့ ဆိုပြီး စိတ်ဆိုးသွားသေး။

ရှင်းရှင်းပြောရရင် "ဆင်း" ဆိုတဲ့ စကားကြားတာနဲ့ ထကိုက်တော့မယ့်ခွေးပေါက်လေးလိုပဲ ရန်လိုနေတာ။

ဝမ်ကြီး ဘာဖြစ်နေတာလဲမေးရင် အဖြေက လိဖြစ်နေတာတဲ့ အင်း.. လိဖြစ်နေတာ..

ခုလဲ ကျောင်းက ပြန်ရောက်တာနဲ့ အခန်းထဲတန်းဝင်သွားပြီး လိတွေဖြစ်နေပြန်တဲ့ ရိပေါ်ကို ဝမ် မာမားကိုယ်တိုင် လာခေါ်နေရတယ်။ 

"ဝမ်ငယ်.. သား.."

"......."

မှောက်အိပ်နေတဲ့ဝမ်ငယ်လေးက မထူးဘူး ။

"သား စိတ်မကြည်ရင် အိမ်မှာပဲနေရင်နေခဲ့တော့နော် သားကြိုက်တဲ့ဟင်းတွေချက်ထားတယ် မားတို့က dinner သွားစရာရှိလို့ Xiao အိမ်တော်က ဖိတ်ထား......"

"ကျနော်လဲလိုက်မယ်!"

"ဟင်.."

မှောက်လျက်ကြီးအိပ်နေရာကနေ ဝုန်းခနဲ ထထိုင်လိုက်တဲ့ရိပေါ်ကြောင့် ဝမ်မာမား လန့်သွားတယ်။

"ဟို...ကျ..ကျနော် အိမ်မှာနေရတာပျင်းလာလို့..အဲ့ဒါ.. ထမင်းကလဲစားမကောင်းတော့လေ.. ဝိုင်လေးဘာလေးလဲသောက်ချင်တာနဲ့..အင်း..စိတ်ပြေလက်ပျောက် ဒီတိုင်း လမ်းကြုံ..ဟုတ်တယ်.. လမ်းကြုံ လိုက်မလို့...ဟို.."

"အေး..အေးပါ လိုက်ခဲ့ လိုက်ခဲ့ ရေချိုးတော့ ဒါဆို"

ခါတိုင်းဘာပွဲမှခေါ်မရတဲ့အပြင် မိဘစကားဆိုနားမပါသလိုလုပ်တတ်တဲ့သားလေးဟာ ရေချိုးခန်းထဲ တန်းဝင်သွားလေရဲ့..

-----------------------------

ရှောင်းအိမ်ရဲ့ dinner ဆိုတော့ ရိပေါ်က လူလူသူသူလေး ဝတ်သွားချင်တယ် ခက်တာက သူ့မှာ gentleman style suit တွေမရှိတာပဲ ။ ဆွဲထုတ်လိုက်သမျှက အနက်ရောင် လယ်သာ ဂျင်း ဟိုပြဲဒီပြဲ သံကွင်းတွေ အရိုးခေါင်းတွေ နဲ့ ။

7 thingsOnde histórias criam vida. Descubra agora