သူ့ကိုသာ

300 14 3
                                    

/Unicode/

သူ့ကိုသာ

Admin -1

In April 12,2010
               "ဗွမ်း...!''

         "အဟင့်.!..အဟင့်!..''

အသက်၁၀နှစ်အရွယ်ကောင်လေးတစ်ယောက်အိမ်ရှေ့အပြင်ဘက်တွင်....

ရေပုံးလေးတစ်ပုံးဘေးမှာချထားကာရေခွက်လေးဖြင့်သူ့ရှေ့ကဖြတ်သွားသမျှလူတိုင်းကိုရေလိုက်ပတ်နေ၏....ထိုကောင်လေးနာမည်က ဘုန်းလရောင် တဲ့...

အခုဘုန်းတစ်ယောက်သူ့ရှေ့ကနေဖြတ်သွားသောကောင်လေးတစ်ယောက်အားခေါင်းပေါ်သို့ရသွားလောင်းချလိုက်တော့...

ထိုကောင်လေးမှာရုတ်တရက်ထငိုတော့၏....

ဘုန်းတစ်ယောင်သူ့ရှေ့ကကောင်လေးငိုနေသောကြောင့်လူကပြာယာခတ်သွား၏....

"ဘာ..ဘာဖြစ်လို့လဲဟင်...ငါကသင်္ကြန်မို့လို့ရေပတ်တာပါ..''

ဘုန်းစကားကြောင့်ဘုန်းအားမော့ကြည့်လာသောထိုကောင်လေး...

သူ့ထက်အကောင်သေးသဖြင့်ဘုန်းစိတ်ထဲတွင်ထိုကောင်လေးအားပေါက်စဟုနာမည်ပြောင်လေးပေးလိုက်၏....

ဘုန်းရေလောင်းထားသောကြောင့်ထိုပေါက်စလေးရဲ့အမဲရောင်ဆံပင်လေးကစိုကပ်ကပ်ဖြင့်နဖူးပော်မှာအမြှောင်းလိုက်လေးတွေဖြစ်နေ၏...

ထိုဆံပင်အမြှောင်းလေးတစ်ခုမှစီးကျလာသောရေစက်လေးတစ်စက်ကပေါက်စလေးရဲ့နှာတံကတစ်ဆင့်ခပ်လုံးလုံးနှာခေါင်းထိပ်လေးပေါ်သို့ရောက်သွား၏..

ယောက်ျားလေးတန်မဲ့ရှည်လျားကော့ညွှန့်နေသောမျက်တောင်လေးနဲ့တောက်ပရွှန်းလဲ့နေကာသူများနဲ့မတူသောမျက်ဝန်းလေးကြောင့်....

ဘုန်းတစ်ယောက်သူ့ရှေ့ကပေါက်စလေးအားငေးကြည့်နေမိ၏....

    "ဟို...လန့်သွားလို့ပါ...ရုတ်တရက် ဆိုတော့...
ပြီးတော့...နှာခေါင်းထဲလဲရေဝင်သွားတော့..စပ်သွားလို့ပါ...''

ချိုသာပြီးအေးမြသောပေါက်စလေးရဲ့အသံလေးအားဘုန်းထပ်မံကြားလိုက်ရသည့်အခါမှာတော့...

ဘုန်းရဲ့ဝဲဘက်ရင်အုံအတွင်းမှာရှိနေတဲ့နှလုံးဟုခေါ်သောအရာလေးက....တည်ငြိမ်စွာခုန်နေရာမှ...ရုတ်တရက် နာရီalarmလိုဆူညံစွာအဆက်မပျက်တုန်ခါလာတော့၏....

Esthesia's Thingyan (One Shot Collection)Where stories live. Discover now