Sakura's Padauk Lover

94 12 7
                                    

/Unicode/

Sakura's Padauk Lover
ဆာကူရာ၏ ပိတောက်ချစ်သူ

Admin -4

            "ယူ့ခီနဲ...”
(ကျွန်တော့် ရင်ထဲက လွမ်းဆွတ်မှု့နဲ့အတူ လှိုက်လှိုက်လှဲလှဲ ခေါ်နေမိတဲ့ နာမည်လေး။
ကျွန်တော်သူ့ကို လွမ်းတယ်။ သူ့ကိုတွေ့ချင်မိတယ် ဖြစ်နိုင်ရင် အခုချက်ခြင်းပေါ့ ယူ့ကီရေ။

ဒါပေမယ့် ကျွန်တော်တို့က Just Friend ဆိုတဲ့ခေါင်းစဉ်အောက်မှာ။ ပြီးတော့ ကျွန်တော်က ပိတောက်တို့ပျော်စံရာ မြန်မာ့မြေမှာ။ သူကတော့ ဆာကူရာပြည် ဂျပန်မြေမှာပေါ့။

ပြန်ဆုံချင်သေးတယ်ယူ့ခီ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် ကိုယ်တို့ပထမဆုံးအကြိမ် ဆုံတွေ့စဉ်ကတည်းက မင်းကို ဘယ်လောက်ချစ်ကြောင်းပြောပြပြီး ထွေးပွေ့ထားလိုက်ချင်မိတယ် ယူ့ခီ။ ကိုယ် ယူ့ခီကိုမြတ်နိုးတယ်။)

ခန့်တည် ခြံဝန်းထောင့်မှ တစ်ပင်လုံးဝါနှစ်နေအောင် ပွင့်နေသည့် ပိတောက်ပင်ကြီးကို ငေးကြည့်ရင်း "ကျွန်တော် မြန်မာပြည်က ပိတောက်ဆိုတဲ့ပန်းတွေကို  အရမ်းချစ်တာ”ဟု ဆိုခဲ့ဖူးသည့် ယူ့ခီနဲ အကြောင်းကို စဉ်းစားနေမိသည်။

ယူ့ခီနှင့် သူ စတင်တွေ့ခဲ့တာကလွန်ခဲ့သော လေးနှစ်ခန့် ယခုလို ဧပြီလတွင်ဖြစ်ပြီး ဂျပန်မှာ (Hanami)ဟနမိ ဟုခေါ်သည့် ပန်းကြည့်ပွဲတော် (ချယ်ရီပန်းကြည့်ပွဲ) ကျင်းပနေသောကာလ ဖြစ်လေသည်။ကျွန်တော် ဂျပန်နိုင်ငံကို ရောက်နေရသောအကြောင်းအရင်းက ဖေဖေ့ မိတ်ဆွေတစ်ဦး၏ အကူအညီတောင်းခံမှု့ကြောင့် လာခဲ့ရခြင်းဖြစ်သည်။

ကျွန်တော်က ဖေဖေတို့အထည်ချုပ်လုပ်ငန်းရဲ့ အမွေဆက်ခံသူတစ်ယောက်ဖြစ်သော်လည်း ကျွန်တော် ဝါသနာပါရာ Photographer အလုပ်ကိုတော့ ကျွန်တော်မစွန့်လွှတ်နိုင်ခဲ့ပေ။ ထို့အတွက် မြန်မာပြည်အနှံ့မှ ရှု့ခင်းများစွာ၏ လှပသော ဓာတ်ပုံပေါင်းများစွာ ကျွန်တော့်တွင်ရှိနေခဲ့သည်လေ။

တစ်ရက်တွင်တော့ ဖေဖေက ကျွန်တော့်ကို ကျွန်တော်စိတ်ဝင်စားနိုင်မည့်အလုပ်တစ်ခုအကြောင်းပြောပြလာခဲ့သည်။

Esthesia's Thingyan (One Shot Collection)Where stories live. Discover now