အမှတ်တရနေ့စွဲများ

124 12 4
                                    

/Unicode/

အမှတ်တရနေ့စွဲများ

Admin -2

၉.၄.၂၀၂၀

သင်္ကြန်မတိုင်ခင်၃ရက်အလို
"ကောင်းဆက်....မင်းတကယ်ပြန်မို့လား..."
"အင်း...ပြန်ရမယ်...ဂျွန်ရဲ့...ဒီနှစ်ငါတို့မိသားစုစုံစုံ
လင်လင်ရှိချင်တယ်တဲ့...ပြီးတော့ ငါတို့နိုင်ငံမှာ ရှား
ရှားပါးပါး ၄နှစ်တကြိမ် သင်္ကြန်၅ရက်ဖြစ်တဲ့နှစ်ဆို
တော့..."

"အင်းပါ...ဒါနဲ့ ဘယ်တော့ပြန်လာမှာလဲ..."
"သင်္ကြန်အပြီးလောက်ပေါ့...၁၀ရက်လောက် အလုပ်
မှာခွင့်တင်ခဲ့တယ်..."

"မင်း မရှိတဲ့အတောအတွင်း ငါဘယ်လိုဖြတ်သန်းရမ
လဲ..."
"ဟဟ...ငါတို့နေ့တိုင်းဖုန်းပြောလို့ရတာဘဲ..."

ကောင်းဆက်က သူ၏ချစ်သူ ဂျွန်နသန်အားနှစ်သိမ့်
ပေးနေသည်။ ဂျွန်နသန်သည် ကောင်းဆက်ရဲ့အိပ်
ယာပေါ်၌ ဟိုလှိမ့်ဒီလှိမ့်နှင့် ပေးမသွားစေချင်သော
စိတ်ဖြင့် ဆွဲထားချင်နေသည်။ ဒါပေမဲ့လည်း ကောင်း
ဆက်က မြန်မာနိုင်ငံမပြန်တာ ၃နှစ်ရှိပြီးဆိုတော့ ဝမ်း
နည်းပေမဲ့လည်း လွှတ်လိုက်ရသည်။ မြန်မာနိုင်ငံသို့
ပြန်မဲ့နေ့ လေဆိပ်၌

"ကောင်းဆက်...ငါမင်းဆီလာရင် ဘယ်လိုလာခဲ့ရ
မလဲ..."
"မင်းမှာ ငါ့ဖုန်းတည်နေရာ Gpsနဲ့ရှာလိုက်ပေါ့..."

"မဟုတ်ဘူးလေကွာ...ငါ..ငါက မြန်မာစကားမှသိပ်
မရတာ..."
"ကဲ...လာမဲ့နေ့ဖုန်းဆက်လိုက်လေ...ငါလာကြိုပါ့
မယ်..."

ထိုအချိန်မှာဘဲ လေယာဉ်ထွက်ခွာမဲ့အချိန်ရောက်လာ
တော့သည်။ ကောင်းဆက်က

"ငါသွားတော့မယ်နော်..."
"အင်း...bye bye....I Love you..."

နှစ်ယောက်သား အပြန်အလှန်နှုတ်ဆက်ရင်း လေ
ယာဉ်ဆီသို့သွားမဲ့ အဝင်တံခါးသည်လည်း ပိတ်သွား
ခဲ့တော့သည်။ မြန်မာနိုင်ငံ လေဆိပ်၌ ကောင်းဆက်သည် လေယာဉ်ကဆင်းသည်နှင့် အပြင်ထွက်လာရာ
အပြင်၌ ကားတစ်စီးနဲ့စောင့်နေသော သူ့မိသားစုအား
တွေ့သည်နှင့် ပျော်ရွှင်သွားကာ ပြေးဖက်ကြတော့
သည်။ ကောင်းဆက်က

"အမေ....သတိရလိုက်တာအမေရယ်...."
"အမေလည်း သတိရပါတယ်...အာ့ကြောင့် သားကို
တွေ့တဲ့အထိ မစောင့်နိုင်တော့ဘဲ ဒီကို နာရီဝက်ကြို
ရောက်နေတာ..."

Esthesia's Thingyan (One Shot Collection)Where stories live. Discover now