UNI

294 33 42
                                    

DAY-1
=====

"တကယ်ကြီး သွားရမှာလားဟင်"

ရွယ်ရွယ် နောက်ဆုံးလက်နှက်အဖြစ် မျက်နှာငယ်လေးနဲ့ puppy eye လေး ဖလပ်ဖလပ်လုပ်ပြပြီး မေးလိုက်ပေမယ့် ကိုကိုကတော့ ဂရုမစိုက်။

"ချစ်တယ်ဆို အလိုလိုက်မယ်ဆို ဘာလို့အတင်းပို့နေတာလဲ မသွားချင်ပါဘူး ဆိုမှ..."

"အလိုလိုက်မယ်ဆိုတာက ရွယ့်ကိုမထိခိုက်တဲ့ဟာတွေဘဲလေ"

"လိလားကိုကို... ရွယ်ကဘာဖြစ်... အ"

"..."

ရွယ်ရွယ့်စကားမဆုံးခင် နောက်ကနေ ခေါင်းခေါက်ချလိုက်တဲ့အမေကြောင့် ပူထူပြီး မျက်ရည်ပါဝိုင်းသွားတယ်။

"နင်အဲ့လိုတွေ ရိုင်းစိုင်းနေလို့လေ။ မိန်းကလေးတန်မဲ့ တခါတလေထထဆဲသေးတယ်။ တနေ့တနေ့ အဲ့ ဖုန်းတစ်လုံးနဲ့ အရေမရ အဖတ်မရတွေဘဲ လုပ်နေ"

"မေမေကလည်း မိန်းကလေးပါဆိုမှ တံမဲ့မို့လို့ပေါ့၊ မိန်းကလေးတံရှိသာ ဆိုလို့ကတော့..."

"ရည်ရွယ်ရိုး..."

မေမေနဲ့ကိုကို့ဆီက အော်သံနှစ်ခု တပြိုင်နက်ထွက်လာလို့ ရွယ်ရွယ်တုန်ခနဲ ဇက်ပုသွားတယ်။

"ဒါ မအေကို ပြောရမယ့်စကားလား... ဟင်... နင့်ကို ဘယ်လို ဆုံးမရမလဲ..."

ဒီတကြိမ်လည်း မားသားရဲ့တိုက်စစ်ကြောင့် နားသယ်မွှေး တစ်ချို့ပါသွားပြန်ပြီ။ နှစ်ဖက်ညှပ်အတိုက်ခံရတဲ့ စစ်ရှုံးအင်ပါယာအနေနဲ့ ဘာမှတောင်းဆိုခွင့်မရှိဘူးဆိုတဲ့အချက်ကို ရွယ်ဘယ် Fic ထဲမှာ ဖတ်ဖူးထားပါလိမ့်နော်။

"ဟုတ်သားဘဲ ရွယ်လေးကလည်း ဘာတွေလျှောက်ပြောမှန်းမှမသိတာ"

ချော့ပြောလေးပြောရင်း ရွယ်ရွယ့်နားသယ်စပ်ကိုပွတ်ပေးလိုက်တဲ့ ကိုကိုကြောင့် မေမေကမျက်စောင်းထိုးလာတယ်။

"သွားပြီးလည်း လျှမ်းမလာနဲ့။ ရိပ်သာဝင်ဖို့ လွှတ်လိုက်တာ အချိုးပါတခါထဲ ပြင်လာခဲ့။ အချိုးမပြေလို့ကတော့ ပိတ်ရက်တိုင်းရိပ်သာဝင်နေရမယ်သာ မှတ်ထား"

"အား... ရစ်စရာမရှိ ဂစ္ဆာမိဘဲ မေမေက၊ ရွယ်ပြန်မလာတော့ဘူးသိလား၊ ရိပ်သာကလက်မခံရင် လင်နောက်ဘဲလိုက်လိုက်တော့မယ်"

THE THREE DAYSOpowieści tętniące życiem. Odkryj je teraz