[Unicode]ပိစိလေးအနီပေးပါတယ်
...................
"ကိုကို...ကိုကို"ကျနော်နိုးထလာတဲ့ အချိန်မှာ ကျနော်ဘေးနားမှာ
ကိုကိုရှိမနေဘူး......
"ကိုကို... ကိုကို ဘယ်မှာလဲ ....
အားးးးး ကိုကို ထပ်ထားသွားပြီ....
မုန်းတယ် ကိုကို့ကို မုန်းတယ် တယ် ကျနော့်ကို
ကာကွယ်မယ်ဆိုပြီး အခု
ထားသွားပြီ ကိုကို လိမ်တယ် "ကျနော် ကလေးတယောက်လို အော်ငိုနေသည်
ထိုရလဒ်မှာ မိုးခေါင်ရေခြားဖြစ်နေတဲ့
အာဖရိကတိုက်ရှိ သဲကန္တာရတစ်ခုမှာ
လေပြင်းမုန်းတိုင်း နှင့် သဲမုန်တိုင်းများ
ကျရောက်သွားခဲ့သည်
....................
"BOSS အခု ထူးထူးဆန်းဆန်း
အာဖရိကမှာ မိုးတွေရွာလို့ပါတဲ့""ပြီးတော့ကော Ebola"
(Ebolaတဲ့နော် newဇာတ်ကောင်လေး)
"နိုင်ငံတော်တော်များများမှာ
မိုးတွေ အရမ်းရွာပြီး
ရေတွေအရမ်းကြီးနေပါတယ်""........."
Coronaတစ်ယောက် နည်းနည်း အတွေးဝင်ချိန်
သူ့ကလေးကို ရုတ်တရက် သတိရကာ
ထပြေးလေသည်.......
အခန်းတစ်ခန်းကို ဦးတည်ကာ
တံခါးတောင် လက်နဲ့ မဖွင့်နိုင်ဘူး
ခြေထောက်နဲ့ ဆောင့်ကန်ပြီး
ဖွင့်လိုက်သည် ......
ကုတင်ပေါ်မှာ ကလေးလေး ရှိမနေ......
အခန်းတစ်ဝိုက်မှာလဲ မိုးရွာထားတဲ့ ပမာ စိုရွှဲနေသည်...
အခန်းထောင့် တံခါးအကွယ်နောက်မှာ
ရှိုက်သံလေးကမပြတ်သေးဘဲ ငိုတာမောပြီး
အိပ်ပျော်နေတဲ့ ကလေးလေးကို တွေ့လိုက်သည်......
သူလေး အိပ်ပျော်နေသည်မှာ
အပူအပင် ကင်းမဲ့လှသည်.......
ကလေးလေးကို ပွေ့ချီကာ
သူ့အခန်းထဲကိုသာ ခေါ်ဆောင်လာခဲ့သည်...
ကုတင်ပေါ်တွင် အသာလေး ချပေးလိုက်သည်...

YOU ARE READING
If Corona is my boyfriend.......(အကိုရိုနာသာကျနော့်ချစ်သူဆိုရင်....)
Teenfikceအားလုံးကြောက်ရတဲ့ သူနဲ့ ချစ်သူဖြစ်နေသော ကျနော့်အတွေ့အကြုံလေး....