🖤Ep10🖤

2.3K 116 15
                                    

မနက်မိုးလင်းတော့ Jennie အရင် နိုးလာပြီး lisa ရဲ့ ရင်ဘတ်ပေါ် မေးလေးတင်ကာ lisa ရဲ့ မျက်လုံး နှာခေါင်း နှုတ်ခမ်း တို့ကို မထိတထိ စနေသည်

Hit you with that Du Du📱

ဖုန်းလာသံ ကြားတာကြောင့် jennie အိပ်ချင်ယောင်ဆောင်လိုက်သည်

Yar Lalisa ဘယ်ချိန် ရှိပြီလဲ
မလာသေးဘူးလား

9 နာရီတော့ ထိုးနေပြီ
မနေ့က 1 month anni လေ Rose ရယ်
ဒီနေ့တောင် jen က ငါ့ကို အခန်းထဲက ပေးမထွက်ဘူးထင်တယ်

အဲ့လိုပြောလိုက်တော့ Jen က lisa ကို မော့ကြည့်ကာ

ကို ဘာတွေ ပြောနေတာလဲ ဖုန်းပေး jen ကို

Lisa ရဲ့ ဖုန်းကို လိုက်လုနေသည်

အချစ်ကလေး စိတ်အေးအေးထားပါ
Baby လေးရေ

Rose ရေ ကြားတယ်မလား ဖုန်းကို လုပြီး ဖုန်းချလိုက်တော့မယ်တဲ့ 

ဒါပဲနော် jen က မစောင့်နိုင်တော့ဘူးတဲ့

Yar...ကို ဘာတွေ ပြောနေတာလဲ

ဖုန်းကို ယူလိုက်ပြီး

Hello.....Rose.....Rose
မရဘူး...ဖုန်းပြန်ခေါ်ပေး
သူတို့ တစ်မျိုးထင်တော့မယ်

ဘာမှမမဖြစ်ပါဘူး သူတို့ နားလည်ပါတယ်

ထ ထတော့ company သွားပြီး သူတို့ကို ပြန်ရှင်းပြပေး

Lisa ကို အတင်းဆွဲထူနေသည်
Lisa က jen ကို ပြန်ဆွဲလိုက်ပြီး အတင်းဖက်ထားသည်

စတာပါ jen ရယ် Rose က 1 month anni ဆိုတည်းက ဖုန်းချသွားပြီ

မျက်စောင်းလေး တစ်ချက်ထိုးကာ

သွား...သွား လာမဖက်နဲ့ အင်္ကျီလည်း မဝတ်ရသေးပဲနဲ့

ဟမ်း....ဘယ်လို ဝတ်မှာလဲ jenက ကို့ အင်္ကျီ ဝတ်ထားတာကို
ကို့ကို အင်္ကျီ သွားယူပေးလေနော်
ရေချိုး မနက်စာ စားပြီးရင် Date လုပ်ကြမယ်လေ

တကယ်လား ကို  jenသွားချင်တဲ့နေရာတွေ လိုက်ပို့ရမှာနော်

လိုက်ပို့မယ်နော်

Jen လည်း Lisa ကို အင်္ကျီ တစ်ထည် သွားယူပေးပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်

ရေချိုးပြီး ထွက်လာတော့ lisa က ပြန်အိပ်နေသည်

ကို ထတော့လေ ဘာလို့ ပြန်အိပ်နေတာလဲ

Beautiful LoveWhere stories live. Discover now