April 05,2017💜

22 1 0
                                    

မှတ်မှတ်ရရ ပြောရမယ်ဆိုရင်တော့ Aprilလ (5)ရက်နေ့ ကိုယ့်ရဲ့မွေးနေ့လေးပေါ့...။ကိုယ့်ရဲ့မိသားစုဝင်တွေကလွဲပြီး ဘယ်သူကမှ သတိမထားမိတဲ့ ကိုယ့်ရဲ့(၁၆)နှစ်ပြည့်မွေးနေ့လေးပေါ့...။ အဲ့ဒီ့နေ့မနက်စောစော အိပ်ယာနိုးတော့ မေမေက ရွာဦးကျောင်းမှာ နေ့ဆွမ်းကပ်မယ် အဆင်သင့်ပြင်ထားဆိုပြီး ပြောလာတာကြောင့် ရေပါတစ်ခါတည်းချိူးလိုက်ပြီး အဆင်သင့်ပြင်ထားကာ စောင့်နေခဲ့တယ်။ စောင့်နေရင်း အိမ်မှာကူညီစရာလဲ မရှိတာကြောင့် အိမ်ရှေ့မှာခုံတစ်လုံးနဲ့ထိုင်ရင်း Facebookလေးဖွင့်ကြည့်နေမိတယ်။အဲ့ဒီ့အချိန် Messenger မှတစ်ဆင့် ဝင်လာခဲ့တဲ့ စာလေးတစ်စောင်....

📩📩📩 Happy Birthday🎊🎊🎊 ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေနော်...။ရာရာ့ကို သတိထားမိမှာမဟုတ်ပေမယ့် ရာရာကတော့ မွေးနေ့ရှင်လေးကို သိတာကြာပြီရယ်။စကားမပြောရဲလို့သာ ငြိမ်နေတာ...အဟမ်း...ယနေ့မွေးနေ့မှစလို့ နောက်မွေးနေ့များစွာတိုင်အောင် ပျော်ရွှင်နိူင်ပါစေ။ချစ်ရသောမိသားစုနဲ့လဲ မကွဲမကွာ ထာဝရနေထိုင်နိူင်ပါစေ။မိဘက အားကိုးအားထားပြုရတဲ့ သမီးကောင်းရတနာလေးဖြစ်ပါစေ။အနာမျိူး (၉၆)ပါးလဲ ကင်းဝေးပါစေ။ရည်မှန်းချက်ပန်းတိုင်ကိုလဲ အလျင်အမြန်ရောက်ရှိပါစေ။ရာရာနဲ့လဲ ဒီ့ထက်မက ခင်မင်ရင်းနှီးသွားပါရစေ။အပြင်မှာလဲ အခွင့်ရှိရင် ဆုံချင်ပါသေးတယ်။စကားတွေလဲ အများကြီးပြောမယ်နော်...။မွေးနေ့ရှင်လေး ထာဝရပျော်ရွှင်ပါစေ❤❤❤။📩📩📩

မညာစတမ်း ဝန်ခံရမယ်ဆိုရင် ကိုယ်လူလောကထဲကို ရောက်တဲ့အချိန်ကစလို့ အဲ့ဒီ့(၁၆)နှစ်ပြည့်မွေးနေ့အထိ (၁၆)နှစ်တာကာလအတွင်း ကိုယ့်မိသားစုကစလို့ အပြင်မှာအမြဲဆုံနေကြ သူငယ်ချင်းတွေအထိ အဲ့ဒီ့လို မွေးနေ့ဆုတောင်းမျိူး တစ်ခါမှ မရဖူးခဲ့ပါဘူး။ တကယ်ကို ရင်ထဲကလှိုက်တက်လာပြီး မျက်ရည်ဝဲရလောက်တဲ့ထိကို ပျော်ရွှင်ခဲ့ရဖူးတယ်...။

Facebook Account ဖွင့်ထားတာ ၂၀၁၆ထဲကဆိုတော့ သူငယ်ချင်းအတော်အသင့်လဲ ကိုယ့်မှာရှိပါတယ်။ အပြင်မှာမတွေ့ရပေမယ့် Fbကနေတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေလဲ ကိုယ့်မှာရှိတယ်။ဒါပေမယ့် ဘယ်သူမှ ဒီလိုမျိူး ကိုယ့်ရဲ့မွေးနေ့ကို အထူးတလည် ဆုတောင်းပေးတာမျိူး မကြုံဖူးခဲ့ပါဘူး...။ဒါပေမယ့် 💙 ရာရာ💙 လို့ခေါ်တဲ့သူမကတော့ ကိုယ့်အတွက် ပထမဦးဆုံး မွေးနေ့ဆုတောင်းပေးခဲ့ဖူးတဲ့ Fbက သူငယ်ချင်းလေးပေါ့...။

တော်ရုံတန်ရုံကို သတိမထားမိပေမယ့် သူ့ကိုတော့ ကိုယ်သတိထားမိပါတယ်...။ဘာလို့ဆိုတော့ ကိုယ်ကEXO-Lတစ်ယောက်ဖြစ်သလို ရာရာ💙 ဆိုတဲ့သူမလေးကလဲ EXO-Lတစ်ယောက်မို့လေ...။

ဒီလိုနဲ့ဘဲ မေ့မေ့ပျောက်ပျောက်ကုန်ဆုံးခဲ့ရတဲ့ မွေးနေ့လေးက ကိုယ့်အသက်(၁၆)နှစ်ပြည့်မွေးနေ့မှာတော့ ရာရာ💙လို့ခေါ်တဲ့ EXO-Lလေးကြောင့် ထူးခြားတဲ့မွေးနေ့လေး ဖြစ်ခဲ့သည်ပေါ့...။

#Miss you so much Yaya💙

For Ya YaWhere stories live. Discover now