အပိုင်း (၉)
Daddy အလုပ်သွားခဲ့ပြီးသည့်တိုင် လူက ဂဏှာမငြိမ်။
ပျင်းနေသလိုလို ၊ စိတ်ညစ်နေသလိုလို
ဘာကို အလိုမကျလို့ မကျမှန်းလည်း မသိ။ကြံရာမရသည့် အဆုံး တစ်ဦးတည်းသော သူငယ်ချင်းလေးဖြစ်သည့်
Baek ကိုသာ အပူကပ်ရတော့သည်။ကျနော်က အပြင်ထွက်လို့ လုံးဝမရတာမို့
အချိန်မရွေး သွားလိုရာသွားနိုင်သော
အိမ်ပိုင် Baek ကိုသာ ကျနော့ဆီကို ပင့်ရတော့သည်။Daddy , Daddy နဲ့ ကိုင်ပေါက်ကာ
အသွင်သွင် ငြင်းဆန်ပြန်သည့် ထို အကောင်ပေါက်ကို
ကျောင်းတုန်းက ချေးထားသမျှ အကြွေးတွေ
အကုန်လျှော်ပေးမယ်လို့ ဆိုကာ ကြေးညှိရသည်။နိုင်ငံခြား က အဖေဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကိုမှ အားမနာ
ကပ်စေးအိုးလေး Baek ဟာ ထို စကားကိုကြားတော့
အတန်ကြာ တိတ်ဆိတ် သွားသေးသည်။နောက်မှ " မင်း father ကြီး ပြဿနာရှာရင် မင်းတာဝန်ယူနော် "
လို့ဆိုကာ ညှိနှိုင်းခြင်းကို သဘောတူသွားလေရဲ့။Daddy က အလုပ်သွားရင် ညနေမှ ပြန်လာတာမို့
စိုးရိမ်စရာ လုံးဝမရှိပါ ။" သားငယ် "
တံခါးခေါက်သံနှင့်အတူ Arjima ရဲ့ ခေါ်သံကြောင့်
ကျနော် အမြန်ထကာ တံခါးဖွင့်ပေးလိုက်သည်။
အဖြူကောင် လာပြီ ထင်ပါ့။" အောက်မှာ သား သူငယ်ချင်း ဆိုလား ရောက်နေတယ် "
ထို စကားကို ဆိုနေသည့် Arjima က မျက်လုံး အဝိုင်းသားနှင့်
အိမ်ကို သူငယ်ချင်း လာမလည်ဖူးတာမို့
အံ့ဩနေပုံရသည့်အပြင်
Daddy မကြိုက်တာမို့ စိုးရိမ်နေပုံလည်း ပေါ်သည်။" ဟုတ်.... သားဆင်းခဲ့မယ်
သူ့အတွက် စားစရာလေး စီစဉ်ထားပေးနော် "Arjima ထွက်သွားတော့ ကုတင်ပေါ်က
ဖုန်းလေးကို ကောက်ယူကာ အောက်ထပ်သို့ ဆင်းခဲ့သည်။
YOU ARE READING
Fanfictionစည်းတွေ နယ်နိမိတ်တွေသာ မရှိခဲ့ဘူးဆိုရင် ကျနော်တို့ ဘယ်လောက်ထိ နီးနိုင်မလဲ Daddy 💔 ကလေး နဲ့ ပတ်သတ်ရင် ရာဇသတ်တွေ နည်းဥပဒေတွေမရှိဘူး ကလေးငယ်ရဲ့ အရိပ်ကလေးထက် ပိုနီးကပ်တဲ့နေရာမှာ ဒီလူသားအမြဲရှိနေမယ် 💞 Unicode စည်းတွေ နယ်...