အပိုင်း ( ၁၆ )
" ခဏလောက်.... စကားပြောလို့ ရသေးလား "
" ဘာအကြောင်းလဲ "
Kai ရည်ရွယ်ထားတာက Chan hyung ရဲ့
နှလုံးသားပြဿနာကို ကူညီဖြေရှင်းဖို့ပေမယ့် သူတို့နှစ်ဦးရဲ့
ဆက်ဆံရေးကို ပိုပြီး ရှုပ်ထွေးသွားစေမှာလည်း စိုးတာကြောင့်" အကူအညီတောင်းချင်လို့ ကျနော့ သား အတွက် "
ရည်ရွယ်မထား သော်ငြား အစီအလျော်သင့်စွာ
ထွက်ပေါ်လာသည့် စကားလုံးတွေ
အဆုံး Sehun က ခပ်အက်အက်ရယ်သည်။" ဟက်..... အမြဲတမ်း သား အတွက်ပဲ
မင်းက....တကယ့် ဖခင်ကောင်းတစ်ယောက်ပဲ Kai "ပြောရင်းနှင့် Sehun က လှေကားရင်းကနေ ဧည့်ခန်းဘက်ဝင်ကာ
ဆိုဖာမှာ ခြေချိတ်ပြီးထိုင်လိုက်တာကြောင့် Kai လည်း ဧည့်ခန်းထဲ
ဝင်လိုက်သည် ။" ထိုင် "
Sehun ရဲ့ ခပ်ပြတ်ပြတ် ဧည့်ဝတ်စကားအဆုံး
Kai သူ့ မျက်နှာချင်းဆိုင်က ခုံမှာဝင်ထိုင်လိုက်သည်။" ဆို...."
ထပ်မံထွက်ပေါ်လာသည့် ခြောက်ကပ်ကပ်စကားကြောင့်
Kai ရဲ့ ညာဘက် မျက်ခုံးလေး အနည်းငယ် ပင့်တက်သွားရသည်။" ဒီလိုပါ....Oh Sehun shi က
ဒီမှာ အတော်လေး မိတ်ဆွေများတယ်ဆိုတော့
အသိထဲမှာ...."" မင်းရဲ့သား စာမေးပွဲ ဖြေတာ
အဆင်မပြေလို့လား "Oh Sehun ဆိုတာ အဲ့ဒီလို လူစားမျိုးပါ ။
အရိပ်ပြရင် အကောင်မြင်ရုံမကပဲ အဲ့ဒီအကောင်ရဲ့
လည်မျိုကိုပါ ငုံကိုက်ထားပြီးသား ။ဒါကြောင့်လည်း မှောင်ခိုလုပ်ငန်းတွေအကုန်လုံးကို
ငွေဖြူတွေလုပ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး
ဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့သည်မဟုတ်လား ။" စာပေ နဲ့ ဥပဒေတွေ ဖြေနိုင်ပေမယ့်
သားက အမြင်အာရုံ အားနည်းတော့ ဆေးနဲ့ ထိမှာ
စိုးရိမ်လို့ပါ "
CZYTASZ
Fanfictionစည်းတွေ နယ်နိမိတ်တွေသာ မရှိခဲ့ဘူးဆိုရင် ကျနော်တို့ ဘယ်လောက်ထိ နီးနိုင်မလဲ Daddy 💔 ကလေး နဲ့ ပတ်သတ်ရင် ရာဇသတ်တွေ နည်းဥပဒေတွေမရှိဘူး ကလေးငယ်ရဲ့ အရိပ်ကလေးထက် ပိုနီးကပ်တဲ့နေရာမှာ ဒီလူသားအမြဲရှိနေမယ် 💞 Unicode စည်းတွေ နယ်...