P(41) (Z+U)

200K 6.2K 388
                                    

Zawgyi

"မာန် ဒါ ဒါ တကယ်ပဲလား မာန်"

"အင်း."

" ဟုတ်တယ် ဒီကအကိုရ ပုလဲမှာ ကိုလွှမ်းရဲ့ရင်သွေး​လေးရှိနေပီ "

" မဖြစ်နိုင်တာ မဖြစ်နိုင်လိုက်တာ မာန် မာန်က ဘယ် ဘယ်တော့မှ အပြင်မှာ ည ညအိပ်ဖူးတာမှမဟုတ်တာ ... တစ်ရက် ဟုတ်တယ် တစ်ရက်ပဲလွန်ခဲ့တဲ့၃လ လောက်က....... "

ပိုင်သည် သားအတွက်စိုးရိမ်ရသည့်အပူပေါ်တွင်ထင်မှတ်မထားခဲ့သောအရာကြောင့် အပူပေါ်အပူဆင့်ကာသွေးရူးသွေးတန်းဖြစ်လာခဲ့သည်။

" ဟုတ်တယ် အယ့်နေ့ပဲ ပုလဲနဲ့အတူ​နေဖြစ်သွားတာ၊ ခ်ခ် ရှက်လိုက်တာ "

" မာန်.."

မာန်သည်ပိုင်အားကြည့်နေရင်းမှမျက်နှာလွှဲလိုက်လေသည်။ပိုင်သည်​ရပ်​နေရာမှ ပိုင်ကိုယ်တိုင်ပင်မသိလိုက်သည့်အချိန်တွင် နောက်သို့တဖြည်းဖြည်းဆုတ်ခွာသွားမိ​လေသည်။

" သူက ပိုင် နာမည်ရင်းက သူရပိုင်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ကိုလက်ထပ်ခဲ့တာ"

"ကို့မှာ အိမ်ထောင်ရှိတယ်ဆိုလည်းမကြားဖူးပါဘူး။ပီး​တော့သူက ယောက်ျား​လေး​လေ "

"ကိုနဲ့ပိုင်လက်ထပ်ထားတယ်ဆိုတာကို
မေမေနဲ့ ကြီးကြီးကလွဲပီးဘယ်သူ့ကိုမှအသိပေးခဲ့တာမဟုတ်ဘူး ။ဖေဖေ တောင်ဒီကိစ္စမသိဘူး။"

" အာ ဘာတွေမှန်းလည်းမသိဘူးကွာ။ ခေါင်းတွေတောင်မူးလာပီ ။ကို​နော် ပုလဲမှာ ကိုယ့်ရင်သွေးရှိနေပီ​နော်။ "

"ကိုသိပါတယ် "

မာန်သည်ပုလဲဘက်သို့လှည့်ကာပြောလိုက်သည်။
ထို့နောက်ပိုင်ဘက်သို့ပြန်လှည့်လာကာ

" လရောင်ပိုင်နေမကောင်းဘူးဆို "

မာန်၏ စကားကြောင့် ပိုင်သည် သားကိုသတိပြန်ရသွားပီးနောက်အနည်းငယ်ပြန်တည်ငြိမ်လာကာ

"ဟုတ်တယ် မာန် သား သား​နေမ​ကောင်းဘူးအပူ​တွေ​တော်​တော်တက်​နေတာ သား သားကိုဆေးခန်းလိုက်ပို့ပေး....."

"  Driver ကိုခေါ်​ပေးထားတယ် သူမကြာခင်လာလိမ့်မယ်။  "

" မဟုတ် မဟုတ်ဘူး မာန် "

(Lovely My Little world) (Z+U) (S2)Where stories live. Discover now