P(67)(Z+U)

63.7K 5.6K 694
                                    

Zawgyi

တိုက်ခန်းပထမထပ်လေးသို့တဖြေးဖြေးတက်လာသော ခန့်ကို၏ ခြေလှမ်းများသည်သိသိသာသာပင်လေးလံနေလေသည်။ စာရွက်ဖိုင်တစ်ခုကိုင်ထားသော ခန့်ကိုသည် အခန်းဝသို့ရောက်ချိန်တွင် အခန်းရှေ့အားခြေစုံရပ်ကာသက်ပြင်းချလိုက်လေသည်။

ဒေါက် ဒေါက် ဒေါက်

တံခါးအားခေါက်ကာခေတ္တ ငြိမ်နေလိုက်သည့်အချိန်တွင် တံခါးဖွင့်သံနှင့်အတူ တံခါးသည်ဖြေးညှင်းစွာပွင့်လာ​ကာ ညဝတ်​အင်္ကျီ ဖြင့် မျက်တွင်းများကျကာ ခေါင်းစုတ်ဖွားဖြစ်နေသောပိုင်သည် အခန်းဝတွင် ရပ်နေလေသည်။

"အကိုလေး..."

"ခန့်ကို ဘာကိစ္စရှိ လို့လဲ"

ပိုင်သည်တော်တော်ပင်ပိန်ကျသွား​လေသည်။

"အကိုလေး ကျွန်​တော်အထဲခဏ ဝင်လို့ရမလား"

စိတ်နှင့်ကိုယ်လွတ်နေသော ပိုင်သည်ခန့်ကိုအား အိမ်ထဲသို့ဝင်စေကာ အခန်းတံခါးအားပြန်စေ့လိုက်လေသည်။

"လာထိုင်"

ထို့နောက်ပိုင်သည် လူ​လေး​ယောက်စာထိုင်ရန်နှင့်စားပွဲတစ်လုံးအားချထားသော ဧည့်ခန်းထဲသို့ခေါ်ကာ ထိုင်စေခဲ့လေသည်။

"ခန့်ကို ထိုင်နှင့်အုံးနော်"

"ဟုတ်ကဲ့အကိုလေး "

ထို့နောက်ပိုင်သည် မီးဖိုထဲမှ ဖန်ခွက်နှစ်လုံးအားယူကာ ရေခဲသေတ္တာထဲမှ အအေးနှစ်ဘူးနှင့် ရေတစ်ဘူး အားယူကာ ပြန်ထွက်လာလေသည်။

"လရောင်လေးရော အကိုလေး "

"ကျောင်းသွားတယ် "

ထို့နောက် ပိုင်သည် ခန့်ကိုနှင့် ဆန့်ကျင်ဘက်တွင် ဝင်ထိုင်၍ အချိုရည်ဘူးလေးအားဖောက်လိုက်ပီး​နောက် ဖန်ခွက်ထဲ ထည့်ကာ ခန့်ကို​ ​ရှေ့အရင် ချပေးလေသည်။

"သောက်လိုက်အုံး ခန့်ကို"

"ဟုတ်ကဲ့"

ပိုင်သည် ခန့်ကိုဘက်လှည့်ကာ

"ဘာကိစ္စရှိလို့လဲ ခန့်ကို ။ မာန်..မာန်ရောအဆင်ပြေရဲ့လား"

ခန့်ကို သည်သက်ပြင်းချကာ မျက်နှာမကောင်းသော​ကြောင့်ပိုင်သည် ပြန်မော့ကြည့်လိုက်လေသည်။

(Lovely My Little world) (Z+U) (S2)حيث تعيش القصص. اكتشف الآن