EXTRA(4)

69.4K 4.4K 424
                                    

Zawgyi

"အီးးးး ပင်ပန်းလိုက်တာ"

လေယာဉ်ဆိုက်ဆိုက်ချင်း Hotel အားကားဖြင့် တန်းလာခဲ့ရ​သောကြောင့်Hotel ​ရောက်ချိန်တွင် ည​နေပင်​စောင်း​နေ​လေသည်။ပိုင်သည် Hotel ရောက်ရောက်ချင်း တွင် VIP Room ရှိ နှင်းဆီပန်း ပွင့်များခင်းထားသောနှစ်ယောက်အိပ် ကုတင်ကြီးပေါ်သို့အင်္ကျီပင်မလဲနိုင်ကာတန်းလှဲချလိုက်လေသည်။

မာန်သည်ပါလာသော Laggage အားအခန်းထောင့်တွင်ထားကာ လက်မှ နာရီအားချွတ်လိုက်ပီး​နောက်စားပွဲ​ပေါ်သို့တင်ထားလိုက်​လေသည်။ ထို့​နောက်ဝတ်ထား​သောအ​ပေါ်အင်္ကျီအားချွတ်ကာကုတင် ပေါ်ရှိ ပိုင့်အပေါ်အားအုပ်မိုးလိုက်လေ​တော့သည်။

"လေယာဉ် နဲ့လာတာကိုပင်ပန်းတယ်ပေါ့ ။ ညပင်ပန်းဖို့လည်းထားအုံး"

မာန်သည်ပိုင့်အားအုပ်မိုးလျှက်ပင်ညစ်ကျယ်ကျယ်ပြုံးပြလိုက်လေသည်။ ထိုအခါမှ ရင်ခွင်​အောက်ရှိ ပိုင်သည် နှဖူးထက်တွင်ဝဲကျ​နေ​သောမာန်၏ ဆံပင်လေးအားသပ်တင် ပေးကာပြန်ပြုံးပြလိုက်လေသည်။

"နဂိုကရော မပင်ပန်းရတာကြနေတာပဲ ၊ ခုမှ အထူးအဆန်းတွေပြောနေတယ်"

မာန်သည်အသဲယားစွာဖြင့်ပိုင်၏နှုတ်ခမ်းလေးအားငုံ့နမ်းလိုက်လေသည်။

"သားရော အဆင်ပြေရဲ့လားမသိဘူးမာန်"

"ပိုင်..ပိုင့်သားက အနှီးထုတ်ထဲက ကလေးလေး မဟုတ်တော့ဘူးနော်။ ခုဆယ်တန်းဖြေပီးတဲ့လူကြီးဖြစ်​နေပီ။ သူငယ်ချင်း တွေ​ရော ခန့်ကိုလည်းပါတော့ စိတ်ချထားလိုက်ပါ "

လရောင်လေးသည် ပီးခဲ့သောတစ်ပတ်လောက်မှ ဆယ်တန်းစာမေးပွဲဖြေပီးသွားပီဖြစ်သောကြောင့်သူငယ်ချင်း သုံးယောက်နှင့်အတူ နယူးဇီလန် သို့ခရီးထွက်သွား​လေသည်။ထို့​ကြောင့် ပိုင်တို့နှစ်ယောက်သည် အင်ဒိုနီးရှားရှိ Bali ကျွန်းသို့ ခရီးထွက်လာခြင်းဖြစ်လေသည်။

"ပိုင့်အတွက်သားက ကလေးလေးပဲ"

" ကိုယ်ကရော"

မာန်သည်ပိုင်၏နှဖူးလေးအားညင်သာစွာနမ်းလိုက်ကာမေးလိုက်လေသည်။

(Lovely My Little world) (Z+U) (S2)Tempat cerita menjadi hidup. Temukan sekarang