ဒီတစ်ခေါက်တော့ Pre Jing က လွင်ပြင်ညီ့ကို မေးခွန်းလေးတွေ မေးပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကို သဘောမပေါက်သူများ လာရောက်ဖတ်ရှုကြကုန်....
Jing>>>တိမ်မြုပ်သွားခဲ့သော ဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ဆောင်နှစ်ယောက်ကတော့ လွင်ပြင်ညီနဲ့ လင်းသန့်ဟန်တို့ဖြစ်ကြပါတယ်။အခု Pre Jing က လွင်ပြင်ညီနဲ့ တွေ့ပြီး မေးခွန်း တစ်ချို့ကို မေးပေးတော့မှာပါ....ပထမဆုံး ချောကလက်လေးတွေကို နှုတ်ဆက်စကားပြောပေးပါလား လွင်ပြင်...
လွင်ပြင်ညီ>>>မင်္ဂလာပါ...ကျနော်ကတော့ လွင်ပြင်ညီပါ။ အနှစ်နှစ်ဆယ်ကျော် အလွမ်းတွေကို သိမ်းထုတ်ထားတဲ့ အတ္တကြီးကြီး ဇာတ်ကောင်လေးပဲဖြစ်ပါတယ်။ ချောကလက်လေးတို့နဲ့တွေ့ရတာ ဝမ်းသာပါတယ်...
Jing>>>ဒါဆို ကျနော်တို့ မေးခွန်းလေးတွေကို စလိုက်ကြရအောင်။လွင်ပြင့်ကို အတ္တကြီးပြီး လိုချင်တာကို ရအောင်ယူတတ်တဲ့ ကာရိုက်တာမျိုးနဲ့ ဒီဇာတ်လမ်းလေးထဲမှာ မြင်တွေ့ခဲ့ရတာနော။ဒီတော့ ကျနော် သိချင်တာလေး တစ်ခုပေါ်လာတယ်။ လင်းသန့်ဟန်က လွင်ပြင့် ဘေးနားကနေ ထွက်သွားတာ အနှစ်နှစ်ဆယ် ကြာခဲ့တယ်လို့ ပြောခဲ့တယ်နော။အဲတော့ သူပျောက်သွားတဲ့ နှစ်နှစ်ဆယ်ကို ဖြတ်ကျော်နေတုန်းက သူလူ့လောကထဲမှာ မရှိတော့ဘူးဆိုတာကို သိခဲ့လား...ဒါမှမဟုတ် မသိခဲ့ဘူးလား
လွင်ပြင်ညီ>>>အမှန်အတိုင်းပြောရရင် ကျနော်သိတယ်လို့ ထင်ခဲ့မိပေမယ့် တကယ်တော့ မသိခဲ့ဘူး။တစ်ချိန်လုံး အခြားတစ်ယောက်နဲ့ ထွက်သွားတာလို့ပဲ ထင်ခဲ့တာ။ အဲလိုပဲ သိထားခဲ့တာ။ ဒီတော့ လုံးဝ မသိခဲ့ဘူးလို့ပဲ ဖြေရတော့မှာပေါ့။
Jing>>>ဒါဆို အမှန်တရားကို သိလိုက်ရတဲ့အချိန်ပေါ့ဗျာ...အဲဒီအချိန်တုန်းကရော ဘယ်လိုအတွေးမျိုးတွေးမိလဲ။
လွင်ပြင်ညီ>>>စစသိရတဲ့အချိန်တုန်းကဆိုရင် ...အင်း...ဘယ်လိုပြောရမလဲ။ကျနော့်ဘေးနားမှာရှိတဲ့ အရာဝတ္ထုတွေအကုန်လုံးက ဗြုန်းစားကြီး ပျောက်သွားပြီး ကျနော်တစ်ယောက်တည်း လေဟာနယ်ထဲမှာ လွင့်နေတဲ့ ခံစားမှုမျိုးဖြစ်လာတယ်။ ခေါင်း တစ်ခုလုံးလည်း ဘာမှကို မတွေးနိုင်တော့ပဲ အကုန်ဗလာကျင်းသွားတာ။မြင်မြင်သမျှကလည်း မသဲကွဲတော့ဘူး။ နှလုံးခုန်တာကလည်း အထိန်းအကွပ်မရှိမြန်လာတာ။လက်ထဲကိုင်ထားတာတွေလည်း အကုန်လွတ်ကျတာပဲ။ နောက်ဆုံးကျတော့ ကြမ်းခင်းပေါ်ကို လဲကျသွားပြီး ခေါင်းနဲ့ ကြမ်းနဲ့ ထိမိတော့မှ အသိပြန်ဝင်လာတာ။
အဲဒီအချိန်ကျမှ နည်းနည်း စိတ်ပြန်ငြိမ်အောင် ထိန်းပြီး သူတကယ်မရှိတော့တာကို အတည်ပြုခဲ့ရတာ။ပြန်စဉ်းစားကြည့်မယ်ဆိုရင်တောင် အဲဒီတုန်းက အချိန်က ပြန်တွေးမိတိုင်း ကျနော့်စိတ်ကို အစိုးမရဖြစ်နေစေတုန်းပဲ။ အမြဲတမ်းစွဲနေတဲ့ ခံစားချက်လိုမျိုး စွဲကျန်နေခဲ့တာ။ အဲဒီအချိန်က တကယ်ကြောက်စရာကောင်းတယ်....

YOU ARE READING
တိမ်မြုပ်သွားခဲ့သောဇာတ်လမ်းလေး
Fiksyen Remajaအချိန်ကာလတွေ ဘယ်လိုပဲပြောင်းလဲသွားလည်း နေကြာပန်းတွေက နေမင်းကြီးရှိတဲ့အရပ်ကို မျှော်ကြည့်နေတတ်သလို ကိုယ်ကလည်း မင်းလာမယ့် လမ်းလေးကိုပဲ ငေးကြည့်နေတတ်တုန်းပဲ