အခန်း (၁၄) မလိခ

3.1K 256 14
                                    

UNICODE

"တခြား မိန်းမတစ်ယောက်အတွက်နဲ့ ကဗျာ တစ်ယောက်တည်း အထီးကျန်နေရတာမျိုး… နောက်ထပ် ဘယ်တော့မှ မရှိစေရတော့ဘူး"

ကြားလိုက်ရတဲ့ စကားကို မယုံကြည်နိုင်သလို ကျနော့်ကို လှည့်ကြည့်သည်။ ကဗျာ့ မျက်လုံးလေးတွေ စိုလက် တောက်ပနေသည်။

ကဗျာ့ရဲ့ စိတ်လှုပ်ရှားမှုကို ရုတ်တရက် မြည်လာတဲ့ ဖုန်း ring tone သံက နှောင့်ယှက် လိုက်သည်။

".… နင်ဟာ စုန်းမ… နင်ဟာ ဘီလူးမ
နင်ဟာ ဘီလူးမကြီးလို အစိမ်းလိုက်စား..…"

စိတ်နာနာနဲ့ ပြောင်းထားတဲ့ ring tone သံကို ကြားလိုက်ရတော့ ကြည်ပြာ့ဆီက ဖုန်းပဲဆိုတာ ကျွန်တော် သိလိုက်သည်။ မျှော်လင့်စွာ စောင့်ကြည့်နေတဲ့ ကဗျာ့ရဲ့ မျက်လုံးလေးထဲက တောက်ပနေတဲ့ အရောင်လေး အရင်အတိုင်းပြန်ပြီး မှေးမှိန်အေးစက်သွားသည်။

ကျွန်တော့ မျက်နှာကို ကြည့်ကာ အခြေအနေကို ရိပ်စားမိသွားတဲ့ ကဗျာသည် ကားထဲမှ အရင်ထွက်သွားတော့သည်။

နောက်ထပ် ဒါမျိုး မရှိစေရတော့ဘူး…

ကျနော် စိတ်ထဲတွင် တိုင်တည်ကာ လှိုင်းထန်နေတဲ့စိတ်ကို ငြိမ်သက်အောင်ထိန်းသိမ်းရင်း ကားကိုစက်နှိုးပြီး မောင်းထွက်လာခဲ့ပါတော့သည်။

ကန်တော်ကြီးစောင်းက ချောင်ကျတဲ့စားသောက်ဆိုင်တစ်ခုမှာ ကျနော်နဲ့ ကြည်ပြာတွေ့ဖြစ်ခဲ့ကြသည်။

"ငါ မင်းကို ပြောစရာရှိတယ်"

"ကျမလဲ ရှင့်ကိုပြောစရာရှိလို့ ခေါ်လိုက်တာ… ပြောလေ… ရှင် အရင်ပြောပါ"

ကြည်ပြာဟာ အရင်လိုတက်တက်ကြွကြွ မဟုတ်ဘဲ ညှိုးငယ်နေဟန်ရှိသည်။

ကျနော်လဲ ယူလာတဲ့စာအိတ်ကို စားပွဲပေါ်တင်ပေးလိုက်သည်။

"အဲ့ဒါဘာလဲ"

ရှေ့မှာရောက်နေတဲ့ စာအိတ်ကိုဖွင့်မကြည့်ပဲ သူမ မေးသည်။ ဘောင်းဘီအိတ်ထဲက ကားသော့ကိုထုတ်ပြီး ကားနဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတွေထဲ့တားတဲ့ အဲ့ဒီ့စာအိတ်ပေါ်မှာ ကျွန်တော် တင်ပေးလိုက်သည်။

ဖွင့်ခွင့်မရှိတဲ့တံခါး၊ ပြောခွင့်မရှိတဲ့စကားDonde viven las historias. Descúbrelo ahora