ကိုယ်တိုင်လည်း လုပ်တတ်ပြီး ကိုယ်ချစ်ရတဲ့သူ တစ်ယောက်ယောက်ကို လုပ်ကျွေးချင်တဲ့ မုန့်ကလေးရှိတယ်။ Lemon tart ဆိုတာလေးပေါ့။ အလွယ်ပြောရရင် သံပယိုကိတ်ပေါ့။
ချိုအီအီမုန့်တွေထက် ချိုချဉ်ဖြုံ့ဖြုံ့ အရသာလည်းရှိ၊ ခံတွင်းလည်း ရှင်းလို့သိပ်ကြိုက်တာ။ ဒီမုန့်ကို ကိုယ်စပြီးစားဖူးတာ Traders မှာ... ကိုယ့်သူဌေးနဲ့ ဒင်နာလိုက်သွားရင်း dessert အဖြစ် စားခဲ့မိတာ။ အရသာကို စွဲလမ်းလွန်းလို့ အဲ့ဒီက အပြန် recipe ကို ရှာဖွေပြီး သူဌေးရဲ့အိမ်က မီးဖိုမှာ လေးခါလောက် ကြိုးစားလိုက်တာ အောင်မြင်သွားပါရော။
အသက်ကြီးလာရင် ကိုယ်နေချင်တာ bakery and dessert ဆိုင် သေးသေးလေးနဲ့ပေါ့။ တက်တူးတွေနဲ့၊ ဂစ်တာလည်းတီးတတ်တဲ့ အဖွားကြီးလုပ်တဲ့ အချိုအရသာလေးတွေပေါ့။ ဆေးအဖြူသုတ်ထားတဲ့ သစ်သားခုံ ရိုးရိုးကလေးတွေရှိမယ်.. ညမှောင်ရင် မီးလုံးဝါဝါလေးတွေ ထွန်းမယ်။ ဝယ်သူတွေမလာရင် ဆိုင်ရှေ့မှာ ဂစ်တာတီးနေမယ်။ မသေသေးဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ဖြစ်နိုင်ရင် မသေလခင်အထိ တစ်ယောက်ထဲပဲနေသွားမယ်။
သံပယိုကိတ်က မင်းနဲ့တူတယ် အချစ်ရဲ့... ချိုသလိုလိုနဲ့ တကယ်မချိုခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအရာကိုပဲ ကိုယ်က စွဲလမ်းပါတယ်။ ကိုယ်ကလေ အပိုင်မရဘူးဆိုရင် ဘာကိုမှ မယူချင်တဲ့စိတ်ရှိတယ်.. မင်းကိုမှ မရဘူးဆိုရင် ဘာကိုမှ မယူချင်ဘူး။ ချိုသလိုလိုနဲ့ မချိုတဲ့ အချစ်တွေ ကိုယ်လည် မင်းကို ပေးချင်ပါတယ်။
#ပြာ
#ငေး
YOU ARE READING
Coincidence
Poetryဖတ်ဖူးခဲ့သမျှကဗျာစာအုပ်များမှသဘောကျခဲ့ရပါသောစာသားလေးများအားအမှတ်တရသိမ်းဆည်းထားလိုသောရည်ရွယ်ချက်ဖြင့်...