Sweeter than Honey 2

6.2K 661 40
                                    

Zawgyi

Tae-ဝါး.....

လက်​​လေးနှင့်​ဝါးကနဲသမ်းကာ​နောက်​လက်​တဖက်​မှာကိုင်​ထားတဲ့​ ice americano ကိုပိုက်​နဲ့တငုံ​သောက်​လိုက်​သည်​          မ​နေ့ညကဂိမ်းထိုင်​​ဆော့​နေတာနဲ့ညနက်​မှအိပ်​ယာဝင်​ထားတာ​ကြောင့်​လူကဒီမနက်​မျက်​လုံးမပွင့်​ချင်​       အိပ်​ချင်​​ပြေ​အောင်​ယူလာတဲ့Americanoနဲ့ခါးသက်​သက်​အရသာဟာလည်း       သူ့အိပ်​ချင်​စိတ်​ကိုမ​ဖျောက်​​ပေးနိုင်​     ခဏခဏသမ်းရလွန်းလို့မျက်​ရည်​​တေပါဝဲလာ​လေသည်​      အတန်းထဲဝင်​ဝင်​ချင်းပဲစားပွဲ​ပေါ်​မှောက်​ကနဲ      ​ကျော​ပေါ်က​ကျောပိုးအိတ်​နီနီ​လေးကိုပင်​မချွတ်​နိုင်​      လူတကိုယ်​လုံးအရိုးမရှိသလို​ပျော့​ခွေကာ     စားပွဲ​ပေါ်​ခေါင်း​မှောက်​လိုက်​တာနဲ့အိပ်​​ပျော်​လျက်​သား

ဂျောင်​ကုအခန်းထဲဝင်​လာ​တော့သူ့ခုံ​ဘေးမှအိပ်​​ပျော်​​နေတဲ့ထယ်​​ယောင်း        ပါးအိအိ​ဖောင်း​ဖောင်း​လေးကစားပွဲ​ပေါ်မှာတင်​ထားကာဖိထား​တော့     နှုတ်​ခမ်းရဲရဲ​လေးဟာရွဲ့ပြီးဟ​နေသည်​      ​ဂျောင်​ကုလည်းသ​ဘောတကျရီမိရင်း       ပြူတင်း​ပေါက်​ကဝင်​လာတဲ့​လေ​ကြောင့်​ရှုပ်​​ထွေးဝဲကျ​နေ​သောထယ်​​ယောင်းနဖူးပြင်​မှဆံစတို့ကိုလက်​နှင့်​ခပ်​ဖွဖွသပ်​ပေးမိသည်​        ပြီး​နောက်​သူ့အ​ပေါ်ကုတ်​ကိုချွတ်​ကာ​သေချာ​ခေါက်​ရင်းထယ်​​ယောင်း​ခေါင်း​လေးကိုဖွဖွ​လေးမကာ​ခေါက်​ထားတဲ့ကုတ်​ကိုထားလိုက်​သည်​     မဟုတ်​ရင်​မျက်​နှာနုနု​လေးနာ​နေမှာ    ပြီး​နောက်​​ကျောင်းတက်​သည့်​အချိန်​ထိ​မေးတဖက်​​ထောက်​ကာအိပ်​​ပျော်​​နေ​သောထယ်​​ယောင်းကိုပြုံးပြုံးကြီးစိုက်​ကြည့်​လျက်

နေ့လည်​စာ​ကျောင်းဆင်းမှနှိုးလာ​သောထယ်​​ယောင်း     ဒါ​တောင်မျက်​လုံးမပွင့်​တပွင့်​နှင့်​နှုတ်​ခမ်းစူကာ      လက်​နှစ်​ဖက်​ကိုဆန့်​ရင်းအ​ညောင်း​ပြေအညာ​ပြေအ​ကြောဆန့်​လိုက်​​သေးတာ         

Jk-ထလာပြီလား

ဘေးကိုကြည့်​​တော့စာ​ရေးရင်းသူ့အား​မေးလာ​သော​ဂျောင်​ကု          သူလည်းလက်​​လေးနှစ်​ဖက်​ကိုယှက်​ကာခုံ​ပေါ်ပြန်​တင်​ရင်း​ခေါင်း​မှောက်​ကာ     စာ​ရေး​နေတဲ့​ဂျောင်​ကုကိုကြည့်​​နေလိုက်​သည်​       ခဏအကြာမှ​ရေးလက်​စစာအုပ်​ကိုပိတ်​ကာသူ့ကိုထိုး​ပေးလာသည်

🍑Peachy Baby🍑Where stories live. Discover now